Tuesday, November 15, 2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သံဃာများ ဆက်လက်ဆန္ဒပြမည်




၁၅-၁၁-၂၀၁၁
မန္တလေးဘုရားကြီးဝန်းအတွင်းရှိ မဟာဗုဒ္ဓဝင် ဗိမာန်တော် အပြင်ဘက်နံရံတွင် နိုင်ငံရေး
အကျဉ်းသားများ ချက်ချင်းလွှတ် ပြည်တွင်းစစ် ချက်ချင်းရပ်  လွတ်လပ်မှုကို ပေးပါ ဆိုသော
 စာတမ်း များ ချိတ်ဆွဲကာ ဆန္ဒပြနေသည်။

 အဆောက်အဦးအတွင်းတွင် ဆရာတော်များဖြစ်သည့် ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊
ဦးဘိန္ဓောလ၊ ဦးဇောတိပါလတို့က သပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသောဟု ဆိုသည်။
ပြည်သူများနှင့် သံဃာတော်အများအပြားလာရောက်အားပေးကြပြီး ဆန္ဒပြရသည့် အကြောင်း
အရင်းများကို စပီကာဖြင့် မိန့် ကြားလျှက်ရှိပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို လိုလားသည်ဟုဆို
သည်။

၂၀၀၇ သံဃာ့အရေးအခင်းတွင် ဖမ်းဆီးထားသော သံဃာတော်များ အမြန်ဆုံးလွှတ်ပေးရန်
နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုလျှက်ရှိပြီး မိမိတို့ လိုချင်သော တောင်း
ဆိုချက်များ မပေးလျှင် ဆက်လက်ဆန္ဒပြမည်ဟု ပြောဆိုထားသည်။ အမှန်တကယ်လိုအပ်
နေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အစိုးရဘက်မှ နည်းအမျိုးမျိုးဖြင့် အချိန်ဆွဲနေ
ခြင်းကိုလက်မခံနိုင် အမြန်ဆုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် မထမဦးစွာ နိုင်ငံရေးအကျဉ်း
သားများ ချက်ခြင်းလွှတ်ပေးရမည်  ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ် ချက်ခြင်းရပ်ရန်လို
သည်ဟု ဒီမိုကရေစီအရ ရဲရဲဝံ့ဝံ့တောင်းဆိုနေသည်။

မန္တလေးသံဃာများ အထဲတွင် ဆန္ဒပြတောင်းဆိုရန်အသံများ ကျယ်ကျယ်ပြန်ပြန်ထွက်ပေါ်
နေသည်။သံဃာများ စုဝေးနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြည်သူများလည်း
လိုက်ပါဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု မန္တလေး ဈေးချိုမှ ဈေးသည်တဦးမှ သတင်း
ပေးပို့ သည်။

ညနေ ၄း၃၀ မှာ ဘုရားကြီးဝင်းအတွင်းမှ ဆန္ဒပြတာ မသင့်တော်ဟု အကြောင်းပြချက်နှင့် ဘုရားကြီးဂေါပကပိုင် ကားနဲ့ ဆန္ဒပြဆရာတော်ငါးပါးကို မစိုးရိမ်ကျောင်းတိုက်သို့ ရွှေ့ခဲ့ပါတယ်။
မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရောက်သောအခါ ဖိတ်ခေါ်ထားခြင်းမရှိဟု ငြင်းဆိုသည့်အတွက် မစိုးရိမ်ကျောင်းဝင်းထဲမှာရှိတဲ့ သုတ္တန္တကျောင်းမှာ ခေတ္တ နေရာချထားပြီး ဆန္ဒပြဆရာတော်ငါးပါးကို ဆရာတော်ကြီးတွေက လာရောက် ဆွေးနွေးညှိနှိုင်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်း

ညနေ ၄း၃၀ မှာ ဘုရားကြီးဝင်းအတွင်းမှ ဆန္ဒပြတာ မသင့်တော်ဟု အကြောင်းပြချက်နှင့် ဘုရားကြီးဂေါပကပိုင်ကားနဲ့ ဆန္ဒပြဆရာတော်ငါးပါးကို မစိုးရိမ်ကျောင်းတိုက်သို့ ရွှေ့ခဲ့ပါတယ်။
မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရောက်သောအခါ ဖိတ်ခေါ်ထားခြင်းမရှိဟု ငြင်းဆိုသည့်အတွက် မစိုးရိမ်ကျောင်းဝင်းထဲမှာရှိတဲ့ သုတ္တန္တကျောင်းမှာ ခေတ္တ နေရာချထားပြီး ဆန္ဒပြဆရာတော်ငါးပါးကို ဆရာတော်ကြီးတွေက လာရောက် ဆွေးနွေးညှိနှိုင်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးရအသံဖိုင်
People from MDY talking about protested monks last condition - zarne s Space by luthuorthan.blogspot.com