Tuesday, November 8, 2011

မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေး

၈-၁၁-၂၀၁၁
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန်
အစိုးရ၏  မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်း
ရေးမှူး ဒဲရက်မစ်ချဲလ်တို့သည် နိုဝင်ဘာလ ၃ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး
 မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ
 ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန် အဆင့်မြင့်
အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခု
တစ်ကြိမ်သည် ပထမဆုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။Eleven Mwdia
Group တွင်ဖေါ်ပြခဲ့သည်။

ဆွေးနွေးမှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်ရှိ ဇေယျာသီရိ
ဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး
လုပ်ငန်းများ အပြင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။