Sunday, November 20, 2011

(၉၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်
ကျင်းပပြုလုပ်

20-11-2011
ခရစ်နှစ် ၂၀၁၁ ခု ၊ နိုဝင်ဘာလ (၂၀) ရက် ၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခု တန်ဆောင်မုန်း   
လပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့တွင် ကျရောက်သော(၉၁)နှစ်ပြည့်အမျိုးသားအောင်
ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းရှိအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးဒေါ်အောင်
ဆန်းစုကြည်၊အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ပြည်နယ်နှင့်တိုင်းအသီးသီးမှ
ပါတီဝင်ကိုယ်စားလှယ်များနှင့်ပြည်တွင်း၊ပြည်ပမှသတင်းမီဒီယာများတက်ရောက်
ခဲ့ကြပါသည်။

အခမ်းအနားကိုနံနက်(၁၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အထွေထွေအတွင်းရေး
မှုး ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကဗျာဆရာကြီး
ကိုလေး(အင်းဝဂုဏ်ရည်)နှင့် ဒါရိုက်တာ၊စာရေးဆရာကြီးဆရာမောင်မိုးသူတို့မှ
အမျိုးသားနေ့အထိမ်း အမှတ်စာပေများကို ဟောပြောသွားခဲ့ပါသည်။