Tuesday, November 29, 2011

အကြံပြုခြင်း

ကျွန်တော့်  အကြောင်း  ပထမ  မိတ်ဆက်ပါရစေ။ ၈.၈.၈၈  တုန်းက ချောင်းဦးမြို့ နယ်
 ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး   နောက် မြို့ နယ်သပိတ်ကော်မီတီ အတွင်းရေးမှူး
လုပ်ပြီး   ထောင်  ၁၀  နှစ်ကျခဲ့ပြီး မုံရွာထောင်  မန္တလေးနန်းတွင်းအကျဉ်းထောင်း
အုတ်ဖိုထောင် ကနေလွတ်လာတဲ့   ဦးသိန်းဝင်း   အခုနော်ဝေ  ရောက်နေတာ ၂  နှစ်
ကျော်လာပြီ   ၈၈  တုန်းက  အလယ်တန်းပြကျောငိးဆရာ   B.A  (Economic) အဲဒါ  
ကျုပ် အကြောင်းပါပဲ။

လက်ရှိနိုင်ငံရဲ့  အခြေအနေကို   ပြောရရင်  ကျုပ်အမြင်ကိုပြောတာနော်  လူတစ်
ယောက်သည်  လမ်းပေါ်ရှိ ကျောက်တုံး ကြီး  တစ်တုံးကို လမ်းဘေးသို့  တွန်းချနေသည်
ထိုလူသည် မောဟိုက်နေသည် ချွေးဒီးဒီးကျနေသည် ပင်ပန်းနေသည် အမြင်အားဖြင့်
ပြောရလျှင်  ထိုလူသည် အလွန် အလုပ်လုပ်နေသည် သို့ သော် ရူပဗေဒ  သဘောအရ
 ပြောရလျှင်ကျောက်တုံးကြီး   မရွေ့ သည့်အတွက်  လုံးဝအလုပ်မလုပ်။

၈.၈ .၈၈ ကနေ  ဒီနေ့ အထိ   ဒေါ်အောင်ဆန်းစုကြည်နဲ့  NLDအပါအ၀င်   ပြည်တွင်း
ပြည်ပ  ပါတီပေါင်းစုံ   အဖွဲ့ အစည်းပေါင်းစုံ မဆလ န၀တ နအဖ ကြံဖွံ့   အတူတူပါပဲ
အာဏာရှင်  စစ်အုပ်စုကိုပုံစံ အမျိုးမျိုး နဲ့  တော်လှန်ခဲ့ကြတာ  အောင်မြင်ခဲ့သလား
စဉ်းစားဖို့  လိုလာပြီ  ဒီ အနှစ် ၂၀  ကျော်အတွင်းမှာ   ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း
က   အာဏာရှင်စစ်အုပ်စုကို  ကိုင်လှုပ်နိုင်ခဲ့သလဲ ဒီကြားထဲ အလုပ်အကြောင်းပြပြီး
လုပ်စား နေကြတဲ့သူတွေက အနံ့ တထောင်းထောင်း ပေါ်ထွက်လာသေး ဒီနေရာမှာ
ကိုယ်လဲပဲထိထိရောက်ရောက် မလုပ်နိုင်ပဲနဲ့  ဟိုလိုမရလို့  ဒီလိုဒီလိုမရလို့  ဟိုလို ပုံစံ
အမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ   မရတဲ့အဆုံး   ရတဲ့နည်းလမ်းနဲ့   လုပ်ကိုင်
ဆောင်ရွက်နေတဲ့  ဒေါ်စု နဲ့  NLD ကို  သဘောမတူလို့   မထောက်ခံရင်တောင် ခလုပ်
ကသင်း   မလုပ်သင့်ဘူးထင်တယ်  လွယ်အိတ်လို  ကန့် လန့် ကန့် လန့်  မလုပ်သင့်ဘူး
ထင်တယ်တစ်ခုရှိတယ်  ဒီမိုကရေစီ ရရင်လုပ်စားလို့  ရတော့မှာမဟုတ်တဲ့  AAPP လို
စသည်ဖြင့်   အဖွဲ့ အစည်းတွေ ရှိပါလိမ့်မယ် ဒီလို  အဖွဲ့ အစည်းတွေ   လူတန်းစားတွေရဲ့ 
သွေးဆောင်မှု့ နောက်ကို    လိုက်ပါမသွားမိဖို့    လိုပါလိမ်မယ်။

ခင်ဗျားတို့ ကို   ကျူပ် ကိုယ်တွေ့   တစ်ခုပြောပြမယ် ကျုပ်ထောင်ကထွက်လာပြီတဲ့
နောက် ၃ ရက်အကြာမှာ   ရန်ကုန်ရောက်သွားတယ်ဒေါ်စုနဲ့  တွေ့ တယ်  အဲဒီတုန်းက
ကျုပ်နဲ့ အတူ ဦးအုန်းသန်းတို့  ၅ ယောက်ပါတယ် ဧည့်ခန်းထဲမှာ စားပွဲမှာ လဘက်ရည်
 ၆ ခွက် လူ ၆ယောက်   ဒေါ်စုအပါအ၀င် ၇ ယောက်  တစ်ယောက်တလှည့်  မိတ်ဆက်
စကား ပြောကြတယ်ကျူပ်အလှည့်မှာ ဒေါ်စုခင်ဗျာ BBC မှာ အင်တာဗျူးသလိုပေါ့ တကယ်
လို့ များ န၀တ က တိုင်းပြည်ရဲ့ဦဆောင်မှုအပိုင်းမှာ သူတို့  နဲ့ အတူ  လက်တွဲလုပ်ဆောင်
ရအောင်လို့  ဖိတ်ခေါ်မယိဆိုရင် ဒေါ်စုအနေနဲ့   ဘယ်လိုသဘောရပါသလဲလို့ မေးခဲ့ဘူး
တယ် ဘာဖြေတယ်မှတ်သလဲ   ..........သိတ်ကောင်းတဲ့မေးခွန်း...  ကျွန်မ  ဒီမေးခွန်းကို
အခုပဲပြောလိုက်ပါ့မယ် .......လက်တွဲမှ  ပြည်သူလူထု အကျိုးရှိမယ်ဆိုရင် လက်တွဲသင့်ရင် တွဲရမယ်....  အဲ.. လက်မတွဲပဲ ပြည်သူလူထုအကျိုးရှိအောင်  လုပ်နိုင်မယ်ဆိုရင်လဲ မတွဲသင့်
ရင်မတွဲဘူး ...  ဒါ့ကြောင့် ... တွဲမယ် ...မတွဲဘူး...ဆိုတာ  အခုအချိန်မှာ  ပြောလို့  မရသေး
ပါဘူး။
အဲဒီတုန်းက  ကျုပ်လဲ  အဲဒီအဖြေကိုလုံးဝသဘောမကျခဲ့ဘူး ဒါပေမဲ့ နောက်  ၁၀နှစ်လောက်
ကြာတော့........ ဟာ ...ဒေါ်စုပြောတဲ့စကားဟာ ..  သွေထွက်အောင်ကိုမှန်ပါလား နောင်
၁၀ နှစ် ၁၅  နှစ်  အနှစ်  ၂၀ မှာလုပ်ရမဲ့  လုပ်ငန်းကို အခု  တစ်ထိုင်တည်းနဲ့  ဖြေလိုက်တာ   ကျုပ်စိတ်ထဲမှာတော့   ဒေါ်စု ဦးဆောင်လုပ်တဲ့  လုပ်ငန်းမှန်သမျှ  အမှားနည်းမယ်  အမှား
ကင်းမယ်အဲဒါ   ကျုပ်အမြင်   ကျုပ်သဘောထားပဲ မိမိလုပ်တဲ့အလုပ်  တန်ဘိုးရှိတဲ့အလုပ်   အကျိုးရှိတဲ့အလုပ် ဖြစ်အောင်  လုပ်နိုင်တဲ့   ဦးဏှောက်ပိုင်ရှင် တိုင်းပြည်က တကယ်အားကိုး
နိုင်တဲ့  လူကြီး  လူငယ်များ   ဖြစ်နိုင်ကြပါစေ

  ဦးသိန်းဝင်း        နော်ဝေ