Friday, November 18, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်။

၁၈-၁၁-၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှတ်ပုံပြန်တင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် တိုင်းနှင့်ပြည်
နယ်မှ ဗဟိုဦးစီးကော်မတီ အဖွဲ့ဝင်များ ကိုယ်စားလှယ်များဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်
ရွှေဂုံတိုင် ဗဟိုရုံးချုပ်သို့ရောက် ရှိနေပြီဖြစ်ကြောင်း (မနက်) ၁ဝ နာရီမှာ စဖြစ်မယ်လို့ သိရှိရ
ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်
ပွဲ ၀င်သင့်ကြောင်း အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့က ကြေညာချက်
တစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်တာတွေ့ ရပါတယ်

ဒီကနေ့မနက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊
အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊
 ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေတက်
ရောက်ကြတယ်လို့ သိရပါတယ်။

ဗဟိုဦးစီး အဖွဲ့ဝင်တွေကို ၂၀၁၀ နှစ်ဦးပိုင်းကပြန်လည်ဖွဲ့ စည်းခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်
အဖွဲ့က တိုင်းနယ်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦး ရွေးချယ်ခဲ့ပါတယ်။ ခေါင်းဆောင်တွေ
 ညှိနှိုင်းရွေး ချယ်ခဲ့တယ်လို့ သိရပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နဲ့  ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ ကျင်းပမဲ့ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ အစည်း အဝေးမှာ ဒီမိုကရေစီနည်းအရ အကြေအလည်ဆွေးနွေးညီနှိုင်းကြပြီး ၀င်သင့်
မ၀င်သင့် ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် အဖွဲ့ ဝင်တွေနဲ့  အများပြည်သူနှင့်
နိုင်ငံတကာက စောင့်ကြည့် နေကြပါ တယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင် မတင် ၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င် မ၀င် နှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်နှစ်ရပ်မှာ (၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်။ (၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေး
ံမည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကို
လည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသည်။