Tuesday, October 4, 2011

ခေတ်မှီတိုးတက်သော စက်မှု နိုင်ငံထူထောင်မည့် အာဆီယံဥက္ကဌ နေရာယူလိုသည့် အစိုးရသစ်


အမိမြန်မာနိုင်ငံတော်သည် ယခုအခါ ဖွံ့ဖြီုးစ နိုင်ငံအဖြစ် ရပ်တည်နေရာ မကြာမီကာလအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့်အဆင့်သို့ အချိန်မှီရောက်ရှိစေရန် တာဝန်ရှိသူများမှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။စက်မှုနိုင်ငံ ထူထောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာဂစ်ခရီး စဉ်တွင် ပြောကြောင်း အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ စက်မှုလက်မှု လုပ်ငန်းများတွင် လည်း  “ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြ” ဟူသော ဆောင်ပုဒ်နဲ့အညီ သွင်းကုန်များအား အဓိက ဦးစားမပေးပဲ   နိုင်ငံတော်ငွေအမြောက်အများရရှိရန် ထုတ်ကုန်များအား အရင်ထက်နှစ်ဆတိုး၍ ပြည်ပသို့ တင်ပို့ လျက်ရှိသည်။ ထို့အပြင် အလားတူ ထုတ်ကုန်များအားလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

ယနေ့ကမ္ဘာ၏  ပထ၀ီနိုင်ငံရေးတွင် အရေးပါသောနေရာသို့ ရောက်ရှိနေပြီး စီးပွားရေးတွင် အရှိန် အဟုန် ပြင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံဒေသ
တွင် စုစုပေါင်းလူဦးရေ ၅၃၇.၁၁ သန်းနေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၈.၆ ရာခိုင်နှုန်းရှိ၍ စီးပွားရေးအရလည်း ကမ္ဘာ့ ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ၅.၈ ရာခိုင်နှုန်းသောဝေစုကို ရယူထားလျက် ရှိသည်။ ဒေသတွင်း လူဦးရေ ၅ သန်းကျော်ရှိသော မြို့တော်ကြီးများဖြစ်သည့် ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဟိုချီမင်းစီးတီး၊ မနီလာ၊ ရန်ကုန်မြို့များသည် အာဆီယံ၏ စီးပွားရေးတွင် အရေးပါသော မြို့ကြီးများ ဖြစ်ကြသည်။

မိမိတို့နိုင်ငံ၏ မြို့တော်များအား ခေတ်မှီတိုးတက်သော မြို့တော်များအဖြစ်သို့ အဆင့်မြှင့်တင်ရာတွင် မြို့တော်များ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဓိကထား၍ အလေးပေး ဆောင်ရွက် ကြသည်ကို
တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မြို့တော်၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှသာလျှင် ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်လာမည်ဖြစ်ပြီး စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာ မည် ဖြစ်ပေသည်။ အာဆီယံမြို့တော်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို လေ့လာကြည့်လျှင် မိမိတို့တတ်နိုင်သမျှသော နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူနှင့် မနီလာမြို့များတွင် မြို့ပြသယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်ကို mass rapid transit system ဖြစ်သည့် metropolitan ဖြင့်ပြောင်းလဲဖြည့်ဆည်းပြီးဖြစ်သည်။မြန်မာ
နိုင်ငံတွင် metropolitan မပြောနှင့် ကုန်တင်ကားဟောင်းများကို ရထားဘိန်းများတပ်၍ နယ်အချို့ တွင် ပြေးဆွဲနေကြရသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးဖြင့် ၁၉၆၀ ခုနှစ်လောက်က အောင်မြင်ခဲ့သည်။ ဖွံဖြိုးဆဲနိုင်ငံ များထဲတွင် မြန်မာ နိုင်ငံ၏ လယ်ယာ မြေ ဧက စုစုပေါင်း ၂၃ သန်း အနက် စပါး စိုက်ပျိုးသည့် ဧရိယာ ဟက်တာ ရှစ်သန်း ရှိပြီး စပါး တန်ချိန် သန်း ၃၀ ထုတ်လုပ် လျက် ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုမြင့် တက်လာသည့် အတွက် ပြည်တွင်း စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖူလုံစွာ ဖြည့်ဆည်း
ပေးနိုင်သည့်အပြင် ပိုလျှံ လျက်ရှိကြောင်းသိရှိရသည်၊ အခြေခံ စားကုန်များ ဖြစ်သည့် ပြောင်း၊ ပဲ အမျိုးမျိုး၊ ဆီထွက် သီးနှံနှင့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်မှုသည်လည်း ပြည်တွင်းစားသုံးမှုထက် ကျော်လွန်လျက် ရှိကြောင်း၊ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ ရောင်းချမှုတွင် အာဆီယံဒေသ၌ ဦးဆောင်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိသည်၊ဖွင့်ဖြိုးဆဲကာလတွင် စိုက်ပျိုးရေးနိုင်ငံထူထောင်၍ သဘာဝရေမြေတော
တောင် ရာသီဥတုအရ စိုက်ပျိုးရေးကိုဦးစားပေးဆောင်ရွက်သင့်သည်။

လေတလုံးမိုးတလုံးဖြင့် စစ်ကောင်စီ ဥက္ကဌကြီး၏ ညွန်ကြားချက်ဖြင့် စက်မှုနိုင်ငံလို့ ကြွေကျော်ခဲ့သောလည်း အဌား ဥနှောက်ဖြင့် အတွေးအခေါ်ခေါင်းပါးမှုကြောင့် မိမိတို့ လဒ်စားမှုမျိုးလို ငွေလွယ်လွယ်ရရှိအောင်
မြစ်ဆုံစီမံကိန်းကို ဥက္ကဌကြီးလက်မှတ်ရေးထိုးခဲ့ပြီး လျှပ်စစ်ဓါတ်အားကို (အရင်းမစိုက်လှေထိုးလိုက်)ခဲ့မီ၍ ဥာဏ်ကြီးရှင်တို့ က တိုင်းပြည်ကိုချောက်ထဲထိုးချခဲ့ကြသည်။သယံဇာတပေါကြွယ်ဝသောမြန်မာနိုင်ငံ ကို အခြေခံကျကျ ဥာဏ်အမျှော်အမြင်ဖြင့် တည်ဆောက်ခဲ့လျှင် ယခုအချိန်သည် ဖွင့်ဖြိုးတိုးတက်နေပြီဖြစ် သည်။

မီးမှန်အောင်မပေးနိုင်သောနိုင်ငံက စက်မှုနိုင်ငံလို့ ပြောရဲတာ ရှက်စရာပင်ကောင်းလှပါသည်။ဝမရှိဘဲ ၀ိလုပ် ချင်လို့  နိုင်ငံကိုတရုတ်ကွန်မြုလက်ထဲထိုးရောင်ခဲ့သော ဗိုလ်ချုပ်ကြီးများက သူများနှာခေါင်းပေါက်ဖြင့် အသက်ရှုရန်ကြိုးစားခဲ့၍ အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်။တိုင်းပြည်၏အရေးကိစ္စများကိုဆောင်ရွက်ရာ တွင် ပညာရှင်များနှင့် ပြည်သူ့ ဆန္ဒကိုခံယူတတ်သော အလေ့အကျင့်များမရှိဘဲ ထင်ရာလုပ်တတ်သည့် အသိဥာဏ်ခေါင်းပါးမှုကြောင့် တိုင်းပြည် နှစ် ၅၀ နီးပါး ကမ္ဘာနှင့်ယှဉ်လျှင် နောက်ကျကျန်နေခဲ့ရခြင်းဖြစ် သည်။

မြန်မာနိုင်ငံသည် လက်တွေ့ အနေအထားအရ နေ့ စားလစာနှင့်ဝန်ထမ်းလစာများ နှိမ့်ကျနေမှုကြောင့် ကမ္ဘာ့ အလုပ်သမား တနေ့ ဝင်ငွေစံနှုန်း၏ ၁ဒေါ်လာအောက်တွင်ရှိနေပြီး ပြည်သူများစားဝတ်နေရေး မဖြေလည်မှုများဖြင့်ရင်ဆိုင်နေရပြီး လူနေမှုအဆင့်အတန်းနှိမ့်ကျလျှက်ရှိသည်ကို ရန်ကုန်မြို့ တော်ကြီးတွင် ထိုအခြေအနေကို တွေ့ မြင်ရပေမည်။