ဒေါင်းအလံ
ဘဝကိုမြှုပ်နှံ
ဟုတ်မှန်တဲ့သစ္စာတရားနဲ့
မေတ္တာပွားငြိမ်းချမ်းစေချင် ၊ ။
အကျဉ်းစံဘဝနဲ့
အညှင်းခံရလဲ
ပြင်းထန်လှရှုချင့်တွေးချက်ဖြင့်
လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင် ။ ။
မတရားဥပဒေတွေနဲ့
အမှားပြုနေလေတဲ့ အာဏာရှင်များကို
အသာအယာပင်လက်နက်မဲ့စွာ
ဆက်လက်ကာ အံတုဘက်ပြိုင် ၊ ။
အဖိနှိပ်ခံ အများပြည်သူနဲ့
အသိစိတ်မှာ မခြားရည်တူကွဲ့
အားညီကူခဲ့ ကောင်းရန်ကြံ
အကြောင်းဖန် အရှင်းဆိုမယိုင်နွဲ့
ဒေါင်းအလံ “မင်းကိုနိုင်” ။ ။
၄၉ နှစ်မွေးနေ့ရှင်အတွက်
ကြိုင်လှမောင်မောင်
၂၀၁၁-၁၀-၁၈