သို့ 
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို
အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပါရန် ယနေ့  အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော သတင်းများ၌ သတင်းများကိုကြားကြရပါပြီ ။
ယင်းသတင်းမှာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း
ကို မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု ပြောဆို
သွားပါသည်။
ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူးချုပ်ဖြစ်သေြာေ ကာင့်
မြန်မာနိုင်ငံတွင် မည်သည့်တိုင်းရင်းသားလူမျိုးများနှင့် လူမျိုးစုနွယ်များက မည်မျှ ရှိသည်
ကို သိရှိထားသော တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိ ဖြစ်ပါသည်။
သို့ အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့ ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။ အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော
ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍ ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ တိုင်းရင်းသား
လူမျိုးများ အကြောင်းကို တိတိကျကျ ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်း ကိုလည်း မီဒီယာများမှ
သိရှိပြီးဖြစ်ကြပါသည် ။ သို့ သော် ၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏
လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့  အခွင့်အရေးချိုး ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ့ အခွင့်အရေး ချိုးဖေါက်ခံနေရပါ သည်ဟု ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။
ယင်းသို့ ခေတ်စားလာရာမှာ ယခုလို သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှမသိမသာနှင့်
နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည် ။ မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် သတင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန့် ချီကြ
လျှင် အထူးသတိပြုစရာ အချက်တခုကို တိတိကျကျဆောင်၇ွက်ကြရန်လိုပါသည်။
ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊ သတင်းများ၊ အာဘော်
များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန် အသိပေးအပ်ပါသည် ။
ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ သတင်းသည် သက်ဆိုင်ရာ
မြန်မာနိုင်ငံအစိုးရ၏ တာဝန်ရှိအဆင့်မြင့်အရာရှိမှ အစိုးရ၏ ပေါ်လီစီသတင်းကို ကြေညာခြင်း
ဖြစ်ရာ ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကိုအတည်ပြုချက်ရယူပြီးမှ
ရေးသားထုတ်လွှင့်ရန်သာ လိုအပ်ပါသည် ။
သို့ ဖြစ်ပါ၍ ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ
နောက်နောင် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန် မိမိတို့ 
ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီ
ဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော အသံလွှင့်ဋ္ဌါနများကထုတ်လွှင့်ပေးကြပါရန်
မေတ္တာရပ်ခံ အပ်ပါသည်။
အောင်သာနီ
အောင်သာနီ