မြန်မာပြည်မှစာ
အားလပ်ရက် - ၃
ပုဂံမှာ တတိယမြောက်သွားဖူးခဲ့တဲ့ဘုရားကတော့ သဗ္ဗညုစေတီဖြစ်ပါတယ်။ စေတီတော်ရဲ့ သဟဇာတမျှတဲ့ အချိုးအစားနဲ့ လှေခါးထစ်အထပ်အလွာများဖြင့် ရှေးဟောင်းဘာသာရေး အဆောက်အဦးများတွင် အမြင့်မား ဆုံးဖြစ်နေပါတယ်။ အသပ္ပါယ်ဆုံးစေတီများအနက် စေတီတဆူလဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်များအထိ ဘုရားဖူး များကို စေတီတော်ရဲ့အထပ်အလွှာများပေါ်တက်ကာ အတုမရှိတည်ငြိမ်မှု ဖြန့်ကျက်ထားတဲ့ ပုဂံရဲ့ငြိမ်းအေး သာယာခြင်းကို ငုံ့ကြည့်ခွင့်ပေးခဲ့ပါတယ်။
‘ဒီနေရာကိုရောက်ခဲ့ဘူးပြီ’လို့ဖော်ပြနိုင်တဲ့ဓါတ်ပုံများအတွက် တိကျတဲ့နေရာတခုပါပဲ။ ကျွန်မနုစဉ်အချိန်တွေ တုန်းက ဒီအလွှာအထပ်များရဲ့အဆင့်တခုပေါ်မှာ မောင်နှမဝမ်းကွဲတယောက်နဲ့ ဦးလေးတယောက်နဲ့အတူ ထိုင်ရင်း ယေဘူယျအားဖြင့် ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကိုနဲ့ဘဝကို ကျေနပ်ပျော်ရွှင်စွာ ကြည့်မြင်ခဲ့ကြ ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်ဘို့အလို့ငှာ ဒီအထပ်အလွှာများပေါ် တက်ခွင့်ပိတ်ပင်လိုက်တဲ့အချိန်မှစပြီး
သဗ္ဗညု စေတီတော်ကို လာရောက်ဖူးမျှော်သူ အရေအတွက် သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ယခုအချိန်တွင် စေတီတော်မှာ ဥပက္ခအပြုခံနေရပြီး လှပသပ္ပါယ်ခြင်းကို ပြန်လည်ဖော်ထုတ်လာရန်အတွက် စောင့်မျှော်နေရတဲ့ ကြေကွဲတမ်းတနေပုံ ပေါ်လွင်နေပါတယ်။
သဗ္ဗညု စေတီတော်ကို လာရောက်ဖူးမျှော်သူ အရေအတွက် သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ယခုအချိန်တွင် စေတီတော်မှာ ဥပက္ခအပြုခံနေရပြီး လှပသပ္ပါယ်ခြင်းကို ပြန်လည်ဖော်ထုတ်လာရန်အတွက် စောင့်မျှော်နေရတဲ့ ကြေကွဲတမ်းတနေပုံ ပေါ်လွင်နေပါတယ်။
အတွင်းနံရံများအပေါ် ခပ်ကြမ်းကြမ်းသုတ်ထားတဲ့ထုံးရည်များအောက်မှာ ရှေးရေဆေးပန်းချီများရှိနေပါတယ်။ ဒီဟာတွေကို အနုပညာပြန်လည်မွမ်းမံမှုကျွမ်းကျင်သူများဖြင့် ပြုပြင်ပေးရဦးမှာဖြစ်ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အနည်းဆုံးဖြစ်နေပါတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အထင်ကရဖြစ်တဲ့ အဆောက်အဦးတခုအတွက် ဝမ်းနည်းကြေကွဲဘွယ်ရာ အခြေအနေမျိုးပါပဲ။
ပုဂံနဲ့သူ့ပတ်ဝန်းကျင်မှာ ပြုပြင်မွမ်းမံထိန်းသိမ်းမှုတွေ အများကြီးလိုအပ်လျက်ရှိနေပါတယ်။ သမိုင်းဝင် အဆောက်အဦးတွေကပဲ စပြောရမှာပါပဲ။ ၁၉၉၀ ခုနှစ်များအတွင်းက ပြန်လည်မွမ်းမံရေးလုပ်ခဲ့ကြတာတွေဟာ အထူးကျွမ်းကျင်သူအကြံပေးချက်ရဲ့ အကျိုးသက်ရောက်မှုများမပါရှိပဲ ဆောင်ရွက်ခဲ့ကြတာပါ။ အကောင်းဆုံး ဖြစ်မှုထက် အမြန်ဆုံးပြီးစီးမှုကို ရှေ့ရှုလုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပုဂံကို အခုအနေအထားနဲ့တွေ့မြင် ရတိုင်း မျက်ရည်စို့ရတဲ့ ငိုယိုခဲ့ကြရတဲ့ အနုပညာနဲ့ရှေးဟောင်းသုတေသန ကိုသူမြတ်နိုးသူများရှိနေကြောင်းကို ကျွန်မသိခဲ့ရပါတယ်။
ဒါပေမင့် စေတီပုထိုးလွင်ပြင်ကို ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်ဘို့ အလောတကြီးလုပ်ဆောင်မှုရဲ့ ဖျက်ဆီးခြင်းကိုခံနေရတဲ့ မြတ်နိုးဘွယ်ဘုရားကျောင်းကန်များရဲ့ မူရင်းစစ်မှန်မှုကို ဂရုစိုက်မှုနဲ့ကျွမ်းကျင်မှုများ ဖြင့် ပြန်လည်ပြုပြင်ရနိုင်ခြေရှိနေပါသေးတယ်။ စေတီငယ်များစွာဟာ တာရှည်ပစ်ထားခံရတဲ့ ယိုယွင်းမှုရဲ့ ကံကောင်းတဲ့အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုရမှာပါ။ ဒါတွေကိုလဲ မူလအခြေအနေအတိုင်း နီးနီးစပ်စပ် တူအောင် ပြန်လည်မွမ်းမံရမှာပါ။ ဒါမှမဟုတ် ဖျက်ဆီးမှုဒဏ်ခံစားခဲ့ရတဲ့အချိန်ရဲ့ မျက်မြင်သမိုင်းအသွင် ပျက်စီး မှုအဆင့်ဆင့်များကို မြို့တော်ဟောင်းပေါ်မှာ ပုံဖော်ပြင်ဆင်ထိန်းသိမ်းရမှာပါ။
အထူးကျွမ်းကျင်သူများအတွက် ကိစ္စရပ်များရှိနေကြပါတယ်။ ဒါပေမင့် သူတို့လုပ်ငန်းများမစခင်မှာ ပုဂံကို ကာကွယ်ရန်နဲ့ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဘို့လိုအပ်ကြောင်း လှုံ့ဆော်သတိပေးရေးကို ကျွန်မတို့ မြှင့်တင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံသမိုင်းမှာ အရေးကြီးတဲ့အထင်ကရသမိုင်းမှတ်တိုင်ဖြစ်ရုံမက ကမ္ဘာ့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစိတ်တပိုင်းဖြစ်နေတယ်ဆိုတာကိုပေါ့။ ရှေးဟောင်းအဆောက်အဦးများသာ ထိန်းသိမ်းစောင့်ရှောက်ခံမှုနဲ့ကာကွယ်မှုရယူဘို့လိုအပ်တာမဟုတ်ပါ။ ပုဂံတဝိုက်ရှိဒေဟတခုလုံးက အချစ်အခင် အမြတ်အနိုးခံဘို့ အထိန်းသိမ်း အစောင့်အရှောက်ခံဘို့ ငိုကြွေး တမ်းတနေကြတာပါ။
တနာရီ ကားစီးသွားတော့ ဒေသရဲ့နောက်ဆုံးအကြွင်းအကျန်ဖြစ်တဲ့ အင်ကြင်းတောကိုရောက်ခဲ့ကြပါတယ်။ သူ့ရဲ့ပတ်ဝန်းကျင်ကြမ်းတမ်းမှုအလယ်မှာတော့ ကြီးကျယ်ခမ်းနားတဲ့ ‘အိုအေစစ်ပေါ့။’ အင်ကြင်း(Pentacme-siamensis)ဟာ ထူးခြားဆုံးသစ်ပင်ဖြစ်ပါတယ်။ သက်တမ်းရင့်ချိန်မှာ သေဆုံးသွားပေမင့် သူ့ရဲ့အသားဟာ ဆွေးမြေ့သွားရမဲ့အစား ကျောက်သားပြင်လိုအရာဝတ္ထုအဖြစ်ပြောင်းလဲသွားပါတယ်။
သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဥပဒေက ထိုဒေသမှာ သစ်ခုတ်လှဲခြင်းကိုတားမြစ်ထားပါတယ်။ ဒါပေမင့် သစ်ပင်များဟာ အာမခံချက်နည်းပါးလျက်ပိန်လှီနေတဲ့အသွင်ဆောင်နေကြပါတယ်။ သန်မာတဲ့ ပင်ပျို များပေါက်ရောက်တဲ့အထောက်အထားလဲ မရှိသလောက်ပါပဲ။
သစ်တောသစ်ပင်အုပ်ကိုလေ့လာတဲ့ ကျွန်ုပ်တို့အဖွဲ့မှာ စာနယ်ဇင်းသမား အယောက် ၂၀ ခန့်ပါဝင်ပါတယ်။ ပုဂံကိုလာခဲ့တဲ့အားလပ်ရက်မှာ သီးသီးသန့်သန့်ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မမြော်လင့်မိခဲ့ပါတယ်။ ဒါပေမင့် ဒီလို ဖြစ်မလာခဲ့ပါ။ လက်ရှိအခြေအနေရဲ့အကောင်းဆုံးဖြစ်အောင်အတွက် စာနယ်ဇင်းသမားများကိုလဲ ကျွန်ုပ်တို့ အုပ်စုရဲ့ တိုးချဲ့အဖွဲ့ဝင်များအဖြစ် ကျွန်မ သတ်မှတ်လိုက်ပါတယ်။ ဒီလိုသဘောထားလိုက်ခြင်းဖြင့် သူတို့တ တွေဟာ ခင်မင်ရင်းနှီးကာ ပါဝင်ပူးပေါင်းဆောင်ရွက်လာကြပါတယ်။
ကျွန်ုပ်တို့ရဲ့အကြံအစည်က သစ်တောအတွင်း ချောင်ကျကျတနေရာမှာ အေးဆေးစွာ နေ့လည်ပျော်ပွဲစားတခု တည်ခင်းဘို့ဖြစ်ပါတယ်။ ဒါပေမင့် ကျွန်မတို့ အဲဒီနေရာကိုရောက်တော့ ကျွန်မတို့ကိုတွေ့ဘို့လာတဲ့ ရွာနီးချုပ်စပ် ကလာတဲ့ လူအုပ်ကြီးကိုတွေ့မြင်လိုက်ရပါတယ်။ အဲဒိရွာကလေးဟာ ကဗျာဆန်တဲ့ "ဇီးအို-သစ်လှ-နတ်ထိန်း-အင်ကြင်းတော" အမည်ကို ဆောင်ထားပါတယ်။ အဲဒါဟာ ‘ဟိုက်ခု’ကဗျာလေးလိုပါပဲ။ ဂျပန်နိုင်ငံနဲ့ ဒီရွာလေး ဟာ ဆက်နွယ်မှုရှိနေတာကို မမြော်လင့်ပဲတွေ့ရပါတယ်။
အမျိုးသမီးများကို သူတို့ရွာရဲ့အလိုချင်ဆုံးအရာဟာ ဘာပါလဲလို့ကျွန်မမေးကြည့်လိုက်တော့ သူတို့က "ရေ"လို့ ပြန်ဖြေကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာက Bridge Asia Japan ကုမ္ပဏီက သူတို့အတွက် အဝီစိ တွင်းတခု တူးပေးခဲ့ကြောင်း၊ ဒါကြောင့် ယခင်ကထက်ကောင်းမွန်အဆင်ပြေနေကြာင်း သူတို့က ဆက်ပြောပြ ကြပါတယ်။ ဒါပေမင့် ရေတွင်းအနီးဝန်းကျင်မှာမနေထိုင်သူတို့ကတော့ အတော်အလှမ်းကွာကွာ လမ်းလျှောက် ပြီး နေ့စဉ် ရေလာခပ် နေရကြောင်းလဲ ပြောပြကြပါတယ်။ ဒါ့အပြင် ရေစုတ်တင်စက်အတွက်လိုအပ်တဲ့ ဒီဇယ်ဆီ ဘိုးကိုလဲ သူတို့ပေးကြရကြောင်း၊ အဘိုးအခမှာ သင့်တင့် လျောက်ပတ်ပေမင့်၊ ထန်းပင်ကိုမှီခိုအသက်မွေး ဝမ်းကျောင်းပြုနေကြရတဲ့ ရွာသူရွာသားများအဘို့တော့ ဝန်ထုပ်ဝန်ပိုးဖြစ်နေရကြောင်းလဲ ပြောပြကြပါတယ်။
မြန်မာပြည်အလယ်ပိုင်းရဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ ထန်းပင်များ ရှင်သန်ဖြစ်ထွန်းပါတယ်။ ဖျာများ၊ ခြင်းတောင်းများယက်လုပ်နိုင်တဲ့ ယပ်တောင်ပုံအရွက်များနဲ့ စားသောက်နိုင်တဲ့ထန်းသီးများ ထန်းပင်ကရရှိကြ ပါတယ်။ ဒါပေမင့် ထန်းပင်ရဲ့ အရေးကြီးဆုံးထွက်ကုန်ကတော့ သူ့ရဲ့ချိုမြတဲ့ “ထန်းရည်”ဖြစ်ပါတယ်။ ယင်းကို လတ်လတ်ဆတ်ဆတ်လဲ သောက်သုံးနိုင်ပါတယ်။ အချဉ်ဖောက်ပြီးလဲ ကျေးလက် အရက်ဖြစ်တဲ့ “ထန်းရည်” အဖြစ် လုပ်နိုင်ပါတယ်။ ကျိုချက်ပြီးလဲ နှစ်လို့ဘွယ်ကောင်းတဲ့ ထန်းလျက်များအဖြစ်လဲ ထုတ်လုပ်နိုင်ပါတယ်။
ကျောင်းသူဘဝတုန်းကသင်ခဲ့ရတဲ့ ထန်းတက်သမားများရဲ့ ကြမ်းတမ်းတဲ့ဘဝအကြောင်းစပ်ဆိုခဲ့တဲ့ ထင်ရှားတဲ့ ၁၂ ရာစုက ကဗျာတပုဒ်ကို ကျွန်မတို့ အမှတ်ရလိုက်ပါတယ်။ သူတို့ရဲ့အန္တရယ်များပြီးပင်ပန်းတဲ့အလုပ်ကို နံနက်ခင်းမြူခိုးဝေချိန်မှစခဲ့ကြရတဲ့ နေ့စဉ်ကျင်လည်ရတဲ့သရုပ်ဖော်ချက်ကို ပြတ်သားထင်ရှားစွာ ယနေ့အချိန် အထိသက်ဝင်ကျန်ရှိနေပုံများကို ရွာမှအမျိုးသားများနဲ့စကားပြောခဲ့ရ လို့ ကျွန်မသိရှိခဲ့ရပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်များစွာက သူတို့ဘိုးဘေးများ လှမ်းလျှောက်လုပ်ကိုင်ခဲ့တဲ့အတိုင်း သူတို့တတွေဟာလွဲ မဆုတ် မနစ်တဲ့ ဇွဲလုံလနဲ့ အလုပ်စက်ဝန်းကို ကျင်လည်လှုပ်ရှားဆောင်ရွက်လျက်ရှိနေကြပါတယ်။
ဒါပေမင့် ထင်ရှားတဲ့ခြားနားမှုတခုကတော့ရှိနေပါပြီ။
ဒီကနေ့မှာတော့ "ဇီးအို-သစ်လှ-နတ်ထိန်း-အင်ကြင်းတော"ရွာက ထန်းတက်သမားတွေထဲမှာ တက္ကသိုလ်ဘွဲ့ရ များ ရှိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်
မိုင်အိနိချိသတင်းစာ - ဂျပန်
၂၀၁၁ ခု စက်တင်ဘာလ ၂၆
(၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ထုတ် ဂျပန်နိုင်ငံ မိုင်အိနိချိ နေ့စဉ်သတင်းစာပါ ဒေါ်အောင်ဆန်း စုကြည်ရဲ့ HOLIDAY-3 ကိုမြန်မာပြန်ဆိုပါသည်)
မောင်မောင်လှကြိုင်
၂၀၁၁ ခုစက်တင်ဘာ ၂၆