Tuesday, June 28, 2011

ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ် ရန်ကုန်လေဆိပ်မှပြန်ပို့ ခံရ။


၂၀၁၁-၆-၂၈
မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုးကို အာဏာပိုင်များ က နာမည်ပျက်စာရင်းသွင်း၍ ပြည်ဝင်ခွင့် ငြင်းပယ် လိုက်သည့်အတွက် ရန်ကုန်လေဆိပ်မှ လှည့်ပြန်သွား ရကြောင်း AFP သတင်းမှ သိရှိရပါတယ်။
အစိုးရသစ်တက်လာပြီး သန့် ရှင်းသည့်အစိုးရ ကောင်းမွန်သောအစိုရ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ အစိုးရ တရပ်ဖြစ်လာအောင် ဖေါ်ဆောင်နေပါသည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ မှာတော့ လူ့  အခွင့် အရေးချိုးဖေါက်မှုတွေနဲ့  ဒီမိုကရေစီဆိုတဲ့ လွတ်လပ်စွာပြောဆိုခွင့် ရေးသားခွင့် သွားလာခွင့် ပွင့်လင်း မြင်သာတဲ့ အလုပ်တွေကို လုပ်ရမှာဝန်လေးနေတဲ့ အစိုးရဖြစ်နေတာတော့ သေချာပါတယ်။ ဘာအပြစ်မှမရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးကို ဘလက်လစ် ထုတ်ခြင်းခံရတယ်ဆိုတော့ အစိုးရအမြင်က သိပ်ကျဉ်းပါတယ်။ သူ့ အကြောင်း မကောင်းပြောသူတွေကို ခံနိုင်ရည်မရှိလို့  လုပ်တဲ့လုပ်ရပ်ပါပဲ ဒီမိုကရေစီ အစိုးရဆိုတာ ပွင့်လင်းရမယ် ရိုးသားရမယ် အဝေဖန်လဲခံနိုင်ရမယ် ဒါမှ ဒီမိုကရေစီနိုင်ငံစစ်စစ်ပါ။ အခုဟာက အစိုးရကိုဝေဖန်ရင် တစိပ်ရှိ နံမည်ပျက်စာရင်းသွင်းဖို့ ပဲလုပ်နေတော့ အာဏာရှင်ဆန် လွန်းပါတယ်။ အဝေဖန်မခံနိုင်ရင် ဘယ်လိုလုပ်တိုးတက်မှာလဲ မဟုတ်မမှန်တာလုပ်ရင် ဒီမိုကရေစီ
နိုင်ငံတွေမှာ ဝေဖန်ဖြုတ်ချလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝေဖန်ဆန့် ကျင်ရင် ထောင်ထဲပို့ 
မြဲမို့  ဒီမိုကရေစီမပြောနဲ့  လူ့ အခွင့်အရေးတောင် မရသေးပါဘူး အရေခြုံဒီမိုကရေစီအစိုးရဖြစ်နေပါတယ်။