Monday, May 2, 2011

အမေရီကန် သမတ အိုဘားမားက ဘင်လာဒင် သေဆုံးကြောင်းပြောကြား။



၁ ရက်နေ့  အမေရီကန် သမတ အိုဘားမားက အကြမ်းဖက်သမား ဘင်လာဒင် သေဆုံးကြောင်း ၀ှိက်ဟောက် အိမ်ဖြူတော်မှ ကြေညာခဲ့သည်။ အာဒူကိုင်းဒါး အကြမ်းဖက်အဖွဲ့  ခေါင်းဆောင် အိုဆမား ဘင်လာဒင်(Osama bin Laden) သည် ပါကစ္စတန်မြို့ တော် အီစလန်မာဘစ်( Islamabad)မြို့ တွင် မိသားစုနှင့်အတူ ရှိနေတုံး တွေ့ ရှိရသဖြင့် အမေရီကန်ထောက်လှန်ရေးတပ်မှသိရှိပြီး ပစ်သတ်ခဲ့သည်ဟုဆိုသည်။

အမေရီကန်က အာဒူကိုင်းဒါး အကြမ်းဖက်သမား အိုဆမား ဘင်လာဒင် သေဆုံးခဲ့သောလည်း အာဒူကိုင်းဒါး အကြမ်းဖက်အဖွဲ့ အစည်းသည် နိုင်ငံတကာတွင် ပြန်နှံလျက်ရှိနေပြီး ခေါင်းဆောင် ပစ်သတ်ခံရမှုနှင့်ပါတ်
သက်ပြီး အကြမ်းဖက်လှုပ်ရှားမှုများ ထွက်ပေါ်လာနိုင်သည့်အခြေအနေရှိသည်ဟု နိုင်ငံတကာကို
သတိပေးထားသည်။