Monday, May 2, 2011

သမတ ဆင်းပေးရန် ပြည်သူများ တောင်းဆိုဆန္ဒပြ

                                                ၂၀၁၁-၅-၁  KYODO NEWS
၁ ရက်နေ့ က အိန္ဒိယပင်လယ် ကျွန်းစုနိုင်ငံငယ်လေးဖြစ်သော Maldives နိုင်ငံမြို့ တော်Male မြို့ တွင် သမတ Nashido နူတ်ထွက်ပေရန် ပြည်သူများ တောင်းဆိုဆန္ဒပြခဲ့ရာ ဂျာနယ်သတင်းထောက် တဦးအား ရဲများက ရိုတ်နှက်ဖမ်းဆီးခဲ့သည်။ 

သမတ Nashido နူတ်ထွက်ပေးရန် အတိုက်အခံပါတီကို ထောက်ခံသော ပြည်သူများ သောင်းနှင့်ချီပြီး လမ်းပေါ်သို့ ထွက်ကာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။ လုံထိမ်းရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင် ခဲ့ကြ၍ ဒဏ်ရာရရှိသူ ၁၀ ဦးထက်ပို၍ရှိခဲ့ပြီး အယောက် ၃၀ ကျော်ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။
လုံထိမ်းရဲများ၏ အဆိုအရ ဆန္ဒပြသူများက ရဲများကိုခဲများဖြင့်ပစ်ပေါက်ခဲ့သောကြောင့် မျက်ရည်ယိုဗုံးများ
သုံး၍ လူစုခွဲခဲ့ရသည်ဟုဆိုသည်။
ဆန္ဒပြသူများသူများ၏ အဆိုအရ လုပ်ငန်းများဒေ၀ါလီခံသူ များပြားလာနေပြီး စီးပွားရေးကျဆင်းမှုက အစိုးရ
ကိုဆန့် ကျင်ရသည့် အကြောင်းအရင်းဖြစ်သည်ဟုဆိုသည်။ Maldives နိုင်ငံသည် ၂၀၀၈ ခုနှစ် ၁၀ လပိုင်း
က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နှစ်ပေါင်း ၃၀ အုပ်ချုပ်ခဲ့သော Mr. Gayoom က ရှုံးနှိမ့်ခဲ့ကာ Nashidoက သမတ ဖြစ်လာခဲ့သည်။ လွှတ်တော်တွင်  သမတဟောင်း Mr. Gayoom က ပါတီ တစ်ခုထဲဖြစ်ပြီး လက်ရှိသမတ၏ အစိုးရအဖွဲ့ နှင့် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး စီပွားရေးကို စနစ်တကျကိုင်တွယ်မှု မရှိသောကြောင့် ဆူပူမှုများဖြစ်နေရသည်။