Sunday, April 17, 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် (Hillary Clinton) နိုင်ငြံခားခရီးသွား အများဆုံးစံချိန် တင်

၂၀၁၁-၄-၁၆   SANKEI NEWS
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် (Hillary Clinton) နိုင်ငြံခားခရီးသွား အကြိမ် ၄၀ အများဆုံးစံချိန်တင်ခဲ့ပြီး နောက်တက်မည့် သမတ နေရာ မျှော်မှန်းချက်ရှိသူအဖြစ် စဉ်စားခံနေရသူဖြစ် သည်။
လက်ရှိ အစိုးရအတွင်း အထူးအရေးပါပြီး သမတ ထက် နိုင်ငံခြားရေးကဏ္ဍတွင် မျက်နှာရှိသူတဦးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံတကာသို့  ခရီးသွားအများဆုံးဖြစ်၍ သက်တန်း ၂နှစ်အတွင်း အကြိမ် ၄၀ သွားရောက်ခဲ့ကာ သမတ Bush လက်ထက်  Rice  နိုင်ငံခြားရေးဝန်ကြီးထက် ကျော်လွန်သောကြောင့် သမိုင်းတွင် နိုင်ငြံခားခရီးသွား အကြိမ်အများဆုံး ၀န်ကြီးဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
၁၇ ရက်နေ့ တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နျူကလီးယား လျှပ်စစ်ဓါတ်ပေါင်းဖိုကိစ္စ ဂျပန်အစိုးရနှင့်
ဆွေးနွေးမည်ဖြစ်သည်။ မီဒီယာ လောကတွင်လည်း နံမည်ကြီးပြီး အစိုးရအတွင်း ထောက်ခံသူအများဆုံး
ရရှိထားသူဖြစ်သည်။ မိမိအနေဖြင့် သမတ နေရာကိုငြင်းဆန်နေပြီး နောက်လာမည့် သမတ နေရာကို
ထောက်ခံသူများက စဉ်စားနေကြသည်ဟု သတင်းများထွက်ပေါ်နေသည်။
ခရီးသွားအများဆုံးသူအဖြစ် အသိအမှတ်ပြုခံရခြင်း နိုင်ငံတကာနှင့် ဆွေးနွေးဆုံဖြတ်ရာတွင် အချိန်ကို လေး စား တန်ဘိုးထားပြီး ထိုးကွက်ဆင်နိုင်သူ အစိုးရအတွင်း အထူးလုပ်ငန်းကျွမ်းကျင်သူဖြစ်ကာ အသက် ၆၃ နှစ်ရှိသော အလုပ်အများဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ သတင်းဌာန၏ ပြောဆိုချက်အရ ၁၅ လ အတွင်း နိုင်ငံပေါင်း ၈၀ ကိုခရီးသွားခဲ့ပြီး ၁၀၇၅ နာရီ ခရီးသွားလေယဉ်အတွင်း နေထိုင်ကာ  ပြီးခဲ့သည့်လ
အလယ်ပိုင်းလောက်က ၇ ရက်အတွင်း Tunis → Washington → Paris → Cairo only 7 days (Tunisia), traveling between Washington, Paris → Washington →  At the end of the night to return to London မှ ညဥ့်နက်ပိုင်း ပြန်ရောက်လာပြီး အချိန်အနည်းငယ်အတွင်း အမေရီကန် ဆွေးနွေးပွဲတက်ရောက်
၍ မိန့် ခွန်းပြောခဲ့သည်။
၁၃ ရက်နေ့ က  North Atlantic Treaty Organization  (NATO) နိုင်ငံခြားရေးဝန်ကြီး အဆင့်ဆွေးနွေးပွဲ
တက်ရောက်ကာ ၁၆ ရက်နေ့  South Korea သွားရောက်ခဲ့ပြီး ၁၇ ရက်နေ့  ဂျပန်ကို ရောက်ရှိမှာဖြစ် ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးသည် အကြိုက်ဆုံးအစားအစာမှာ ငရုပ်သီးဖြစ်ပြီး အသားအရေမခြောက်အောင် အိပ်
ဆောင် mineral water Spray ကို သူသွားရာသို့ ယူဆောင်သွားသည်။ ငရုပ်သီးစားပြီး များပြားလှသော လုပ်ငန်းများကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ပြောသည်။
 အစိုးရအတွင်း နိုင်ယှဉ်ကြည့်လျှင် သမတက နိုင်ငံခြားရေးစိတ်ဝင်စားမှုနည်း၍ ကလင်တန် နိုင်ငံခြားရေး
ဝန်ကြီးသည် နိုင်ငံခြားရေးအားကောင်းပြီး အထူးသဖြင့် လစ်ဗျားနှင့် ပါသက်၍ ကလင်တန်က ရှေ့ တန်းမှ
ထွက်ကာ ပြောဆိုမှုများရှိခဲ့ပြီး မီဒီယာနှင့်လည်း အများဆုံးပြောဆိုသူဖြစ်သောကြောင့် သူအားထောက်ခံသူ အများဆုံး ရရှိခဲ့သူဖြစ်သည်။