Wednesday, April 13, 2011

အီဂျစ် သမတ မှုဘာရက်နှင့် သား ၂ ဦးကို ရဲထောက်လှမ်းရေးမှဖမ်းဆီး

၁၃ ရက်နေ့  အီဂျစ် သမတ မှုဘာရက်က ဆန္ဒပြတောင်းဆိုတဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ရာတွင် အမိန့် ပေးခဲ့မှုနှင့် လဒ်စားမှုတို့ တွင် သား ကြီးနှင့်သားငယ် ၂ ဦးကို ကြံရာပါ အမှုဖြင့် ဖမ်းဆီးလိုက် တယ်လို့  စုံစမ်းစစ်ဆေးရေး အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ထိုအပြင် တိုင်းပြည်၏ ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှုနှင့် စုံစမ်းစစ်ဆေးဖို့ ၁၅ ရက်ဖမ်းဆီးထားပါ တယ်။ အပြစ် မှန်ကန်ရင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရမှာဖြစ်ပြီး အရေးပေါ်စုံစမ်းစစ်ဆေးနေပါတယ်။ ၁၂ ရက်နေ့  ကစတင် စစ်ဆေးနေရင်း နှလုံးရောဂါထလာကာ အရှေ့ ပိုင်း Sharm El Sheikhduring ဆေးရုံ သို့ အရေးပေါ် တင်လိုက်ရသည်။ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူ၏ ပြောဆိုချက်အရ သမတ သည် အရေးပေါ်တင်ရလောက်အောင်မရှိပဲ စစ်ဆေးရေးကို ဆက်လုပ်နိုင်သော အခြေအနေတွင် ရှိသည်ဟု
ပြောကြားသည်။
Araa, Gamal သား ၂ ဦး နှင့်ပါတ်သက်၍ Cairo မြို့ ရှိ ထောင်သို့ ပို့ ဆောင်လိုက်ပါသည်။

အာဏာကို နှစ်ရှည်လများ မတရားသိမ်းပိုက်ပြီး မီသားစု၏ ကောင်းစားရေးကိုလုပ်ပြီး ပြည်သူလူထုကို ဖိနှိပ် ငြင်းပမ်း လွတ်လပ်မှုများကိုပိတ်ပင်ထားခဲ့သော အီဂျစ် သမတ နှင့် ချုနီးရှား သမတ တို့ ၏ သွား ရာလမ်းသည် အကြောင်းမလှပေ။ နိုင်ငံကိုအုပ်ချုပ်သော ခေါင်းဆောင်ကြီး အနေဖြင့် အတ္တ လွန်ကဲမှု 
ကြောင့် ရောဂါဆိုးကြီးများ ဖိဆီးပြီး ထောင်နန်းစံရတော့မည်  ပြည်သူ့ မေတ္တာ ဆူးလျှလေပြီလော။
မြန်မာ စစ်ခေါင်ဆောင်ကြီးများ သံဝေဂ ရသင့်ပြီလိုထင်ပါတယ် ပြေးလို့ လွတ်နိုင်မည့်လမ်းမရှိတော့ပါ။