Tuesday, March 22, 2011

NLD အခမဲ့ ဆေးခန်းဖွင့်

သဲသဲ | အင်္ဂါနေ့၊ မတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၅၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ဆေးကုပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ဆေးခန်းတခု ဖွင့်လှစ်လိုက်သည်။

ကုသိုလ်ဖြစ် ဆေးကုခန်းကို တောင်ဒဂုံ ၇ဝ ရပ်ကွက်ရှိ ဦးသိန်းစိုး နေအိမ်၌ တနင်္လာနေ့တိုင်း မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖွင့်လှစ်မှာ ဖြစ်သည်။

“ဒီလူတွေအတွက် တရက်ဆိုတရက် သိသာတော့ ဆေးခန်းကို ရှိတဲ့ငွေနဲ့ အမြန်ဖွင့်လိုက်တာ။ ကုတင်ရယ်လို့တောင် မရှိသေးပါဘူး။ ကြမ်းပြင်မှာ စောင်ခင်းပြီးတော့ လောလောဆယ် ကုပေးနေတာ” ဟု ဒဂုံမြို့နယ် NLD တွဲဘက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။  စတင်ဖွင့်လှစ်သည့်နေ့တွင် လူနာ ၄ဝ ကျော် လာရောက်ကုသမှု ခံယူခဲ့သည်ဟု ဆိုသည်။