Tuesday, March 22, 2011

သေဆုံးသူများရှိရင်ရှိ ကဒါဖီး ကျဆုံးသည့်အထိ မီဆိုက်ဒုံးကျဉ် အမြှောက်များပစ်တင်မည်။

၂၀၁၁-၃-၂၂   KYODO NEWS
သေဆုံးသူများရှိရင်ရှိ ကဒါဖီး ကျဆုံးသည့်အထိ မီဆိုက်ဒုံးကျဉ် အမြှောက်များပစ်တင်မည်ဟု ကုလတပ်က ပြောဆိုသည့်အပေါ် အတိုက်အခံများနှင့် အမျိုးသမီးများက ထောက်ခံခဲ့သည်။
လစ်ဗျား အရှေ့ မြောက်ပိုင်း Tobruk တွင် ကုလတပ်များကို ကြိုဆိုကြပြီး ကဒါဖီး အစိုးရကျဆုံးပါစေဟု အမျိုးသမီးများက ကြွေးကြော်ကြသည်။ ပြည်သူများသေရင်သေပါစေ  ကဒါဖီး အစိုးရကျဆုံးသည်အထိ မီဆိုက်ဒုံးကျဉ်ကို ဆက်ပစ်ပါဟု ပြောဆိုကြသည်။ အတိုက်အခံများ သိမ်းပိုက်နယ်မြေ လစ်ဗျား အရှေ့  မြောက်ပိုင်း Tobruk တွင် ပြည်သူများက ကုလတပ်၏ ပစ်ခတ်ဆောင်ရွက်မှုကို ထောက်ခံသည်ဟု ကြွေးကြော်ကြပြီး။ ပြည်သူတို့ ၏ ရင်ထဲတွင် ကဒါဖီးက ပြန်လည်အာဏာရလာမည်ကို စိုးရိမ်နေကြပြီး အားလုံးအသတ်ခံရမည်ဟု စိတ်ပူနေကြသည်။
၂၁ ရက်နေ့ ညနေပိုင်း Tobruk မြို့ လယ် လွင်ပြင်တွင် ရာပေါင်းများစွာသော လူငယ်နှင့်မိသားစုများ စုဝေး ကြကာ အနောက်နိုင်ငံများနှင့် အမေရိကား ကျေးဇူးတင်ပါတယ်လို့ အော်ဟစ်ကြသည်။ ကုလတပ်ကို အကြီးအကျယ် ထောက်ခံကြပြီး ကဒါဖီး အစိုးရ ကျဆုံးပါစေဟုအော်ဟစ်၍ စိတ်ဓါတ်အင်အားမြင့်တင် ထားကြသည်။
ရေနံလုပ်ငန်းပညာရှင် Saleh Muhammad's (၅၂)နှစ် က ကဒါဖီး ပြန်မလာနိုင်တော့ပါဘူး။ ဘယ်နည်းနဲ့  ဘဲဖြစ်ဖြစ် ကဒါဖီးကိုဖြုတ်မချလို့ မဖြစ်ဘူးလို့  ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။