Tuesday, March 29, 2011

အီဂျစ် သမတ Hosni Mubarak သည် နိုင်ငံအတွင်း နေအိမ်အကျယ်ချုပ်လား

၂၀၁၁-၃-၂၉   KYODO NEWS
၂၈ ရက်နေ့ Reuters သတင်းဌာန ပြောဆိုချက်အရ အီဂျစ် သမတ Hosni Mubarak သည် နိုင်ငံအတွင်း နေအိမ်အကျယ်ချုပ်ဟုသိရှိရသည်။ အာဏာအားလုံးကိုချုပ်ကိုင်ထားသော စစ်ကောင်စီသည် သမတ Hosni Mubarak နှင့်လည်ကောင်း၏ မိသားစုကို နေအိမ်အကျယ်ချုပ်အောက်တွင်ရှိနေ သည်ဟု Face Book တွင်ရေးသားဖေါ်ပြထားသည်။
Hosni Mubarak နှင့်ပါတ်သတ်၍ အစိုးရသတင်းစာများမှ ကျမ်းမာရေးနှင့်ပါတ်သက်ပြီး Saudi Arabia သွား၍ ဆေးကုနေသည်ဟု ရေးသားခဲ့သည်။ နိုင်ငံရေး လှုပ်ရှားသူလူငယ်များအကြားတွင် စစ်တပ်က သမတ သက်သာရာရအောင် ဆောင်ရွက်နေသလားလို သံသယရှိနေသည်။စစ်တပ်က သတင်းများကို ထိမ်းချုပ်ထားပြီး အရင်အစိုးရနှင့် စစ်တပ်အခြား ခွဲခြားမှုရှိသည်ကိုသိသာစေလိုအောင် ဆောင်ရွက်ခြင်း လည်း ဖြစ်နိုင်သည်။
နောက် ထိုနေ့ မှာဘဲ  ၉လပိုင်းက သက်တမ်းတိုးလိုက်သော ရွေးကောက်ပွဲအတွက် ပါတီနှင့်ဆိုင်သော ဥပဒေသစ်များ ပြင်ဆင်ရေးဆွဲ၍ ထုတ်ပြန်ခဲ့သည်။ ပါတီ တည်ထောင်ခွင့်များ လျော့ပေါ့စေခဲ့ပြီး ဘာသာ ရေးနှင့်ပါတ်သက်သော ပါတီ တည်ထောင်ခွင့်ကို ဥပဒေအရ ပိတ်ပင်ထားသည်။
အီဂျစ်နိုင်ငံတွင် အတိုက်အခံပါတီဖြစ်သော ကောင်းမွန်သောဝါ ဒကိုဆွဲကိုင်သည့် ညီနောင်များအဖွဲ့ က ဥပဒေအရ တရားဝင် ပါတီဖြစ်အောင် ဖွဲ့ စည်းမည်ဟု ကြေညာထားသည်။ လက်ရှိအခြေအနေအရ ပါတီဖွဲ့  ခွင့်သည် ပိတ်ပင်ခြင်းမရှိဟုမြင်ရသော်လည်း ညီနောင်များအဖွဲ့ ကို စစ်တပ်က နိုင်ငံရေးခံတပ်အဖြစ် သတ်မှတ်ချက်များကို အသုံးပြု၍ လူကြိုက်များအောင် တည်ဆောက်နေသည်ဟု တွေးဆသည်။
စစ်တပ်က ညမတွက်ရအမိန့် ထုတ်ပြန်သော ည ၁၂ နာရီမှ မနက် ၆ နာရီအထိအစား ည ၂ နာရီမှ မနက် ၅ နာရီအထိ ၃ နာရီဘဲ ပြောင်းလဲသတ်မှတ်လိုက်သည်။