၂၀၁၁-၃-၂၈ JIJI NEWS
၂၈ ရက် ဂျပန် ရဲဌာနက တိုကျို FUKUSHIMA အမှတ် (၁) လျှပ်စစ် ဓာတ်ပေါင်ဖို ပေါက်ကွဲသောနေရာမှ
၂၈ ရက် ဂျပန် ရဲဌာနက တိုကျို FUKUSHIMA အမှတ် (၁) လျှပ်စစ် ဓာတ်ပေါင်ဖို ပေါက်ကွဲသောနေရာမှ
၁၀ ကီလိုမီတာအတွင်း သွားလာမှုပိတ်ပင်ထားသောကြောင့် Fukushima ခရိုင် Ookumacho တွင် တွေ့ ရှိ သော ရုပ်အလောင်းများကို သယ်ယူရန်ထားမြစ်ထားသည်ဟု ရဲဌာနမှပြောကြားသည်။ ရုပ်အလောင်းများကို သယ်ယူရန် နျူကလီးယား ဓါတ်ရောင်ခြည်များ ပြန့် နှံနေကာ သွားရောက်ရန် အန္တရယ်ရှိနေပြီး သယ်ယူရန်မလွယ်ကူပေ။ သတ်မှတ်နယ်မြေတွင် ရုပ်အလောင်းများ ကျန်နေသေး၍ ဆောင်ရွက် ရန်ကြိုးစားနေကြသည်။
Fukushima ရဲဌာန၏ ပြောဆိုချက်အရ ၂၇ နေ့ မနက်ပိုင်း ကူညီနေသော စစ်တပ်မှ စစ်သားတဦးက ဓာတ်ပေါင်ဖို ပေါက်ကွဲရာ ၅-၆ ကီလို ရှိသောနေအိမ်မှ ရုပ်အလောင်းတွေ့ ရှိသည်ဟု သတင်းပို့ ထား သည်။ ရုပ်အလောင်းပေါ်မှ ဓါတ်ရောင်ခြည် စံချိန်အမြင့်ဆုံး တွေ့ ရှိသည်ဟုဆိုသည်။ ရုပ်အလောင်း သည်ဆောင်မည့်သူများ ဓာတ်ရောင်ခြည် ဒဏ်သင့်မည်ကို စိုးရိမ်နေကြပြီး သယ်ဆောင်ရန်အခက်အခဲရှိ သည့်အတွက် ထိုနေရာတွင် ပလပ်စတစ်နှင့်ပါတ်ပြီး ထားရှိသည်ဟုသိရသည်။
