skip to main |
skip to sidebar
011-03-27 RFA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ တော်လှန်ရေးအောင်မြင်ဖို့ ပြည်သူလူထု အများစုက ညီညီညွတ်ညွတ်၊ စိတ်အားသန်သန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက NLD ဌာနချုပ်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။