skip to main |
skip to sidebar
2011-03-27
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။ဒီ မူကြမ်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စနစ်တကျ ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ပေးဖို့ သက်တမ်းတိုး ခန့်အပ်ကြောင်း ဖော်ပြထားပါတယ်။