Wednesday, July 6, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်၏ ကျောက်ပတောင်း ပုပ္ပါး ခရီးစဉ်

 လူနတ်ဗြမ္တာသတ္တိ၀ါတို့  စိတ်၏ချမ်းသားခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် မိမိတို့ ၏လိုရင်ဆန္ဒပြည့်စုံကြ
စေခြင်းအလိုငှာ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ ကို ပေးဝေငှပါ၏ ဗမာနိုင်ငံကြီး ငြိမ်းချမ်းသာယာ တိုးတက်အောင်မြင်ပါစေ။
၂၀၁၁-၇-၆ 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်ရဲ့  တတိယ နေ့  ခရီးစဉ်ကိုမနက်၉း၃၀မှာ ကျောက်ပန်းတောင်း အဖွဲ့ ချုပ်ပါတီဝင်တယောက်ရဲ့ခြံကိုသွားခဲ့ပါတယ်။
အင်ကြင်းတောနားမှာဖြစ်ပြီး  ပုဂံကနေမိုင် ၄၀ ကျော်ဝေးတယ် နောက်အဲ့ဒီကနေ ပုပ္ပါးသစ်တောဦးစီးဌာန က သစ်တောပြခန်းကိုသွားရောက်ကြည့်ရှုကာ  လှပလှတဲ့ တောတောင်တွေနဲ့  သစ်ပင်တွေကို လိုက်လံကြည့်ပြီး ပြခန်းထဲမှ ဓါတ်ပုံတွေကိုကြည့်ရှုပြီးနောက် ပြန်လာလမ်းမှာ အာနန္ဒာဘုရားနားက 
သရပါ သရီး ဆိုတဲ့ လမ်းဘေးထမင်းဆိုင်မှာ အန်တီနဲ့ အဖွဲ့ဝင်တွေအားလုံး လက်ရည်တစ်ပြင်ထည်း ထမင်းစားကြတယ် လမ်းဘေးဆိုင်ဆိုပေမဲ့ အရမ်းလက်ရာကောင်းပြီးအရမ်းရောင်း
ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။
လမ်းတလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားကြတဲ့
ပြည်သူများက လာရောက်နှုတ်ဆက်ကြပြီး ချစ်ခင်သူများအား လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။