မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် လာမည့်သောကြာနေ့ (ဧပြီ ၂၀) တွင် ဂျပန်နိုင်ငံသို့
ငါးရက်ကြာခရီးရောက်ရှိမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ
တစ်ဦးက သတင်းဌာန များသို့ပြောကြားသည်။ ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်မှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒါနှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဘဏ္ဍာရေး
ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးကြ ဖွယ်ရှိကြောင်းလည်း အထက်ပါတာဝန်ရှိ
သူ ကပြောသည်။

ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်မှာ နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာအစိုးရ၏
အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်သော
ခရီးစဉ်ဖြစ်သည်။