၂၄.၇.၂၀၁၄
PR စနစ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ တိုင်းပြည်မှာ ဒီမိုကရေစီတောင်ဘယ်နေမှန်း
မသိသေးဘူး NDF နဲ့  USDP တို့  ရိုက်စားလုပ်ပြီး ပြည်သူကရွေးချယ်ထားခြင်းမရှိတဲ့ စစ်တပ်
ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပါတယ်။ NLD က ကန့် ကွက်ခဲ့ပေမဲ့ ကန့် ကွက်မဲ- ၄၂ မဲနဲ့
ထောက်ခံမဲ- ၂၆၃ မဲနဲ့ ဒီမိုကရေစီအရ အဆိုအောင်ခဲ့ပါတယ်။ စစ်တပ်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပါတယ်၊ စစ်တပ်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ
အတွက် အကျိုးမရှိဘဲ ဒီလိုနေရာမျိုးမှာ ဒီလိုလုပ်ဖို့  နေရာယူထားတာဖြစ်ပါတယ်။
ပထမတော့ ကန့် ကွက်သလိုပြပြီး တိုင်းပြည်အတွက် အရေးကြီးတဲ့အခါကြတော့ လှစ်လှူ့ ရှု့ 
ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ပြည်သူတွေက မလိုလားတာဖြစ်တယ်။ ဘူးလက်လှရွှေပြောသလို
သူတို့ မရှုံးနိုင်ဘူး စစ်တပ်က ၂၅ % ရှိတယ် သူတို့ က ၂၆ % ဘဲရလဲ အနိုင်ရနိုင်တယ်ဆိုပြီး
လှေနံဓါးထစ်ပြောရဲတာပေါ့။ စစ်တပ်က အစိုးရဘက်မှာ ရပ်တည်ပြီး ပြည်သူတွေကို လှည့်ပြားတာထင်ရှားပါတယ်။ဒါကြောင့် စစ်တပ်ကိုယ်စားလှယ်တွေဟာ တိုင်းပြည်အတွက်
အကျိုးမပြုဘဲ အာဏာရှင်ပါတီအနိုင်ရဖို့  လွှတ်တော်မှ နေရာယူထားတာဖြစ်တဲ့အတွက် တိုင်းပြည်ရော ပြည်သူအတွက်ပါနှစ်နာရပါတယ်။
အချိုးကျကိုယ်စားပြုစနစ်ဟာ အရှုံးအနိုင်မျှသွားအောင် လုပ်တဲ့စနစ်ပါ ကြံဖွတ်ပါတီက
ရှုံးနိုင်ခြေရှိတဲ့အတွက် ညှစ်ကွက်ဆင်လာတာဖြစ်တယ်။အားကြီးတဲ့ပါတီကြီးတွေသာ အင်အားရှိပြီး
အားနည်းတဲ့ ပါတီတွေအဖို့ တော့ ထူးမခြားနားပါပဲ၊တိုင်းရင်းသားပါတီတွေအတွက်တော့ ညီညွတ်ရေးကိုပျက်ပြားစေပါတယ်။NDF နဲ့ ကြံဖွတ်ပေါင်းပြီး တိုင်းရင်းသားတွေနဲ့ ပြည်သူတွေက လိုလားလား ၊
မလိုလားလား ပြည်သူလွတ်တော်မှာ မနက်ဖန် မှစပြီးအကြီးအကျယ်ဆွေးနွေးတော့
မည်ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်နဲ့  နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာပြီး တိုင်းပြည်ဆင်းရဲရတဲ့အထဲ ပြည်သူ
တွေက စစ်မှန်တဲ့ဒီမိုကရေစီနဲ့  ပွင့်လင်းလာမလားလို့  မျှော်လင့်ချက်တွေထားခဲ့ပေမဲ့ အာဏာရှင်
တွေကတော့ ဆက်ပြီးအုပ်ချုပ်နိုင်အောင် ကြိုးစားနေကြပြီး ပြည်သူ့ ဆန္ဒကို လှစ်လှူ့ ရှု့ ကာ
တိုင်းပြည် ဘာပဲဖြစ်ဖြစ် သူတို့ ကောင်းစားရင်ပြီးရော၊ အာဏာရှင်ရဲ့  အကြွင်းအကျန်လေးကိုက်
ချင်တဲ့ တရားခံပါတီတွေကလည်း ငါကောင်းစားရင်ပြီးရော ဆိုပြီး ထူးမခြားနား ဇတ်ခင်းလာတာ
တွေရပါတယ်။ တိုင်းပြည်တော့ ရင်လေးစရာပါ၊ စေသနာနဲ့  တိုင်းပြည်အတွက် နိုင်ငံရေးလုပ်တာ
မဟုတ်ပဲ ပေါင်းစားဖို့  ငါ့အတွက်သာ အဓိကထားတဲ့ မဖြစ်စလောက်ပါတီလေးတွေက အာဏာရှင်
ကို မွေးစားသားခံယူပြီး အာဏာရှင်ကိုအသက်ဆက်ပေးနေတာဟာ တိုင်းပြည်နဲ့  ပြည်သူကို
သစ္စာဖေါက်ရာကျပါတယ်။ NDF ရဲ့  ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံ လူ့အခွင့်အရေးများကို အာမခံနိုင်မည့်
တရားဥပဒေစိုးမိုးသည့်စစ်မှန်သောဒီမိုကရေစီစနစ်သို့ပြောင်း
လဲရောက်ရှိနိုင်ရန်အတွက်
ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင် ရွက်သွားရန် လို့ ပါရှိသောလည်း
အာဏာရှင်ဘက်က ရပ်တည်နေပြီး ရည်ရွယ်ချက် မူဝါဒတွေနဲ့  ညီညွတ်မှု မရှိတာကို တွေ့ ရပါတယ်။
တိုင်းပြည်ဘာဖြစ်ဖြစ် မိမိတို့ ကိုယ်ကျိုးသာ ကြည့်တဲ့ ပါတီတစ်ခုဖြစ်လာနေပါတယ်။ပြည်သူတွေ
အနေနဲ့  နိုင်ငံရေးမျက်ခြေမပြတ်ဖို့ နဲ့  လုပ်စားပါတီတွေကို စောင့်ကြည့်ဖို့  လိုအပ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုများ၊တိုင်းရင်းသားပါတီများ၊လူမှုအဖွဲ့ အစည်းများအနေဖြင့်
PR စနစ်ကို ပြတ်ပြတ်သားသား ကန့် ကွက်ကြဖို့  လိုအပ်လာနေပါပြီ၊မိမိတို့ ရဲ့ အနာဂတ်
အရေးကို မိမိတို့ ကိုယ်တိုင်ပါဝင်ပြီး ပြည်သူ့ ဆန္ဒကို အများသိရှိရန် ဖော်ထုတ်ပြဖို့  လိုအပ်
လာနေပြီဖြစ်ကြောင်း သိစေလိုပါတယ်။
မြသိန်း