၂၀၁၄-၆-၂၀
မဟာသန္တိသုခ ကျောင်းတော်ကို သိမ်းပြီး တာမွေတရားရုံးမှာ ဆရာတော် ၅ ပါးကို ရုံးထုတ်ပါတယ်။
သံဃာတွေဟာ အစိုးရရဲ့  မတရား သင်္ကန်ချွတ်ခံရပြီး မတရားတဲ့ ဥပဒေတွေနဲ့  တရားစွဲဆိုခံထားရ
ပါတယ်။ ဒီလုပ်ရပ်တွေကိုကြည်ရင် အာဏာရှင်စနစ်ဟာ လက်ရှိအချိန်အထိ ရှင်သန်နေတယ်ဆိုတာ
ထင်ရှားနေပါတယ်။ မဟာသန္တိသုခ ကျောင်းတော်ကြီးဟာ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ အား ဦးသန်းရွှေ၊ဦးမောင်အေး၊ဦးခင်ညွန့် တို့ က လှူဒါန်းရေစက်ချထားတာဖြစ်ပြီးဆရာတော်ကြီး
နိုင်ငံခြားမှာ သတင်းသုံးနေချိန် ဦးခင်ညွန့် မှ သံဃာ့နာယကကို ထိမ်းသိမ်းထားဖို့ အပ်နှံထားတာကို
အကြောင်းပြုပြီး သံဃာ့နာယက က အစိုးရက လှူဒါန်းထားတယ်လို့  ကျောင်းပိုင်ဆိုင်မှုအငြင်းပွား
နေတာဖြစ်ပါတယ်။
ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံကို သာသနာပြုကြွရောက်လာစဉ် ကျောင်းသိမ်းပိုက်မှုဖြစ်ခဲ့တာ
ကြောင့် ၈၉ နှစ်ရှိပြီဖြစ်သော ထေကြီးဝါကြီး ဆရာတော်ကြီးမှာ စိတ်မချမ်းမသာဖြစ်ရပါတယ်။
ယနေ့ တာမွေမြို့ နယ်တရားရုံးမှာ ရုံးထုတ်လာစဉ် သံဃာ ၅ပါးကို လူဝတ်လဲထားတာကို တွေ့ မြင်
ရတဲ့ လာရောက်စောင့်ဆိုင်းနေကြတဲ့ ပြည်သူများဟာ မျက်ရည်လည်ခဲ့ကြတယ်လို့  သိရပါတယ်။
သံဃာငယ်များကလည်း သာသနာညိုးနွမ်းအောင်ဆောင်ရွက်သူများကို ဝေဖန်ရှုံ့ ချခဲ့ကြပါတယ်။
ထင်ရှားသော ဆရာတော်များဖြစ်သည့် ရွှေညဝါ၊ ဦးပါမောက္ခ၊ ဦးဝီရသူ တို့ တက်ရောက်လာကြပြီး
တာမွေမြို့ နယ်တရားရုံးရှေ့ မှာ သံဃာ ၅ ပါးကို ပြန်လွတ်ပေးဖို့ နဲ့  မတရားသင်္ကန်းချွတ်ခံရမှုကို
ရှုံ့ ချ၍ သမ္မတ သာသနာရေးအကြံပေး ဦးအံ့မောင်ကို နှုတ်ထွက်ပေးဖို့ နဲ့  အပြစ်ပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရှိရပါသည်။
မြသိန်း
Friday, June 20, 2014
သာသနာ မညိုးနွမ်းစေရအောင် အစိုးရရဲ့  မတရားတဲ့ လုပ်ရပ်မှန်သမျှကို သံဃာတော်များ ညီညီညွတ်ညွတ်နှင့် ဆန့် ကျင်ကြ
Posted by
luthuorthan.bg@gmail.com