Monday, September 23, 2013

စင်င်္ကာပူနိုင်ငံသမ္မတကြီး Singapore President Tony Tan Keng Yam နှင့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ

 စင်င်္ကာပူနိုင်ငံသမ္မတကြီး Singapore President Tony Tan KengYamနှင့် မြန်မာ့ဒီမိုကရေစီ   ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ နံနက်ပိုင်းတွင်တွေ့ ဆုံကြောင်း သတင်းရရှိပါတယ်။
စင်င်္ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong နှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်   ယနေ့  တွေ့ ဆုံခဲ့ပါတယ်။
စင်င်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်       ယနေ့ မှာ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား စင်င်္ကာပူနိုင်ငံမှ ခင်မင်ရင်းနှီးစွာကြိုဆို ဧည့်ခံခဲ့ကြတာကို အာရှနှင့် ကမ္ဘာ့နိုင်ငံများက စင်င်္ကာပူအစိုးရရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ်ချည်းကပ်မှုဟာ                             အင်မတန်မှထူးခြားနေပြီး ပြောင်းလဲလာနေပုံကို အံသြစွာဖြင့် ထင်ချေးပေးနေကြပါတယ်။ 
  မြန်မာအစိုးရနဲ့ စင်င်္ကာပူနိုင်ငံဟာ ဆက်ဆံရေးပြေလည်နေပြီး ရင်းနှီးမြုတ်နှံမှုနှင့် နှစ်ပေါင်းများစွာ ဗိုလ်ချုပ်ကြီးတွေရဲ့  နိုင်ငံခြားငွေတွေကို စင်င်္ကာပူနိုင်ငံမှာ ယနေ့ အချိန်အထိ လုံခြုံစွာ အပ်နှံထား တာကိုတွေ့  မြင်ရပါတယ်။
 လာမည့် ၂၀၁၅မှာ လက်ရှိအစိုးရက အခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရမဲ့ အခြေအနေကို ရောက်ရှိ   နေပြီး တရားမျှတမှုနှင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ရင် မြန်မာနိုင်ငံသားများအပါအ၀င် ကမ္ဘာနိုင်ငံများနှင့် ကြီးမားတဲ့ရင်ဆိုင်မှုကို ကြုံတွေ့ ရနိုင်ဖွယ်ရှိပြီး၊မျှမျှတတရှိခဲ့မယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ဟာ အနိုင်ရနိုင်ဖွယ်ရှိသောကြောင့် စင်င်္ကာပူအစိုးရက အာရှမှာ အလျှင်အမြန် ဆက်ဆံရေးတွေပြောင်းလဲလာခဲ့တာလည်း ဖြစ်နိုင်တယ်လို့  နိုင်ငံတကာက သုံးသပ်နေကြပါတယ်။
မြသိန်း