Tuesday, September 24, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်င်္ကာပူနိုင်ငံသမ္မတကြီး Singapore President Tony Tan KengYamနှင့် စင်င်္ကာပူဝန်ကြီးချုပ် Lee Hsien Long နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို၊
အစိုးရအဖွဲ့  ခေါင်ဆောင်များ တာဝန်ရှိသူများနှင့် စီးပွားရေးသမာကြီးများ ကျောင်းသားများ လူမှုအဖွဲ့ 
အစည်းများနှင့် တွေ့ ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကိုလည်း ပွင့်ပွင့်လင်းလင်း
ပြောဆိုခဲ့ပြီး အနာဂတ်အတွက်လုပ်ဆောင်ရမည့် အခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း အလေး
ထားပြောကြားခဲ့သလို စင်င်္ကာပူရောက် မြန်မာနိုင်ငံသားများက နွေးထွေးစွာကြိုဆိုခဲ့တာကိုလဲ   ကျေးဇူးတင်ရှိကြောင်းနှင့် အမိနိုင်ငံဒီမိုကရေစီရေးအတွက် တတ်နိုင်သမျှဝိုင်းဝန်းကူညီကြဖို့  တိုက်
တွန်းခဲ့ပါတယ်။ ယနေ့  မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိလာပြီး အချုပ်မှ နာယကကြီး ဦးတင်ဦး
အပါအ၀င် တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။