Saturday, September 7, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု
ရွှေဂုံတိုင် ပါတီဗဟိုရုံးချုပ်၌ ကျင်းပမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီငွေရတုကို ရန်ပုံငွေအခက်အခဲကြောင့် အကျဉ်းရုံး သာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမောင်မောင်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရန်ပုံငွေ မလုံလောက်         သဖြင့် နေရာမငှားရမ်းနိုင်သောကြောင့် ရွှေဂုံတိုင် ပါတီဗဟိုရုံးချုပ်၌သာ ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အကြီးအကျယ် လုပ်ချင်တာပေါ့။ ဒါပေမဲ့ နေရာအခက်အခဲကလည်းရှိတော့ တတ်နိုင်သလောက်             အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပါတီအခမ်းအနားတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြတ်သန်းခဲ့ရသော ဒီမိုကရေစီ              သမိုင်းကို စာတမ်းဖတ်ခြင်း၊ NLD ငွေရတု အထိမ်းအမှတ် စာစောင်များကို ဖြန့်ဝေခြင်းတို့ ပြုလုပ်               မည်ဖြစ်ပြီး တိုင်းရင်းသားပါတီများကို ဖိတ်ကြားမည် ဖြစ်ကြောင်း ဦးမောင်မောင်ဦး က ပြောကြားသည်။