တရုတ်ပြည်မှာတော့ ကွန်မြုနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်ကို ဒေါ်လာသုံးသန်းခွဲ လာဘ်စားတယ်ဆိုပြီး တသက်တကျွန်းထောင်ချလိုက်ပါပြီ။
မြန်မာနိုင်ငံမှာတော့ ဒေါ်လာ ၁၁ ဘီလျှံကိစ္စကို ၇ ဘီလျှံထဲပါလို့ ပြောလိုပြော အစိုးရအကောင့်နဲ့ မရှိဘူး
လို့ ဆိုသူကဆို ပေါ်လာလို့ ငြင်းမရတော့မှ ရှိတယ်လို့ ဆိုပါတယ်။တခြားနိုင်ငံခြားဘဏ်တွေမှာ ဆွေမျိုး
သားချင်းနံမည်တွေနဲ့ ထည့်ထားဒါတွေရှိပါသေးတယ်။ဒီငွေတွေအားလုံးဟာ နိုင်ငံတော်ပိုင်ငွေတွေဖြစ်ပါ
တယ်။မြန်မာဗဟိုဘဏ် ဥက္ကဌက ဒီငွေထဲမှာ စီပွားရေးသမားတွေရဲ့ ငွေတွေလဲပါတယ်လို့  ထပ်လိမ်ခြင်
ပါသေးတယ်။ဒီစီးပွားရေးသမားတွေဟာ နဂိုထဲကချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀ိုင်းကမဟုတ်ပါဘူး။
ဗိုလ်ချုပ်ကြီးတွေ နိုင်ငံတော်ပိုင် သဘာဝသယံဇတတွေကို ရောင်းစားလို့  ရတဲ့ငွေတွေကို စီးပွားရေး သမားတွေကို လူဌားပြီးလုပ်စားနေကြတာဖြစ်တယ်။အစိုးရ၀န်ထမ်း ဗိုလ်ချုပ်တယောက်ရဲ့ လစာနဲ့ 
ဒီလောက် ဒေါ်လာဘီလျှံနဲ့ ချီပြီး စုထားနိုင်လောက်တဲ့ အနေအထားမရှိပါဘူး။ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်
မှုတွေကိုလည်း အစိုးရအုပ်ချုပ်ရေးပိုင်းက သေသေချာချာစီစစ်စုံစမ်းရမှာဖြစ်တယ်။
မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ ဟာ ကိုယ်လုပ်ရမယ့်အလုပ်တွေကို မလုပ်ဘဲ ၀တ်တရားပျက်ကွက်နေ
တာတွေ့ ရပါတယ်။ဆန္ဒပြသူတွေသာ လိုက်ဖမ်းနေပြီး ပြည်သူပိုင်မြေယာနဲ့ နိုင်ငံပိုင်ဘဏ်ဏ္ဍာငွေ
တွေကို အလွဲသုံးစားလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကိုတော့ စုံစမ်းစစ်ဆေးအရေးယူခြင်းမရှိတာကို
တွေ့ ရပါတယ်။ဒီမိုကရေစီနိုင်ငံတွေမှာတော့ အစိုးရ၀န်ထမ်းတွေ လဒ်စားမှုဆိုရင် ထိထိရောက်
ရောက်အရေးယူလေ့ရှိပါတယ်။
အစိုးရကိုယ်နှိုက်က လဒ်စားမှုပပြောက်ရေးလို့ ပြောပြီး ဗိုလ်ချုပ်ကြီးတွေလဒ်စားမှုတွေကိုတော့ ထိထိရောက်ရောက်ဖြေရှင်းတာမျိုးမတွေ့ ရပါဘူး။တရုတ်နိုင်ငံကတော့ဖေါ်ထုတ်လိုက်ပြီ မြန်မာ
ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ဝေဖန်ကြဖို့  နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။
နိုင်ငံကဆင်းရဲနေပြီး ဗိုလ်ချုပ်တွေသာ ချမ်းသာနေကြတာဖြစ်တယ်။နိုင်ငံတော် ဘတ်ချက်စာရင်းချုပ်
ရင် လွှတ်တော်မှတဆင့် ပြည်သူတွေကို ထင်သာမြင်သာရှိအောင် ရှင်းရှင်းလင်းလင်းတင်ပြရန်လို
အပ်ပေသည်။