Friday, September 20, 2013

မြန်မာ့ဒီမိုကရေစီအရေးမှာ ပြည်သူလူထု၏ အခန်းကဏ္ဍ အရေးကြီး


၂၀၁၃-၉-၂၀
ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာမှာ လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံ လူမှုရေး၊ နေ့စဉ်သွားလာနေထိုင်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ ချောမွေ့ အောင်မြင်ဖို့အရေး ဒီ (knowledge) ပညာရေးအပေါ်မှာ တည်နေတယ်။ဒီအသိပညာ (knowledge) ကို အခြေခံပြီး လိုအပ်လာတဲ့ ပြောင်းလဲ ပြုပြင်စရာတွေ ကိုလည်း လုပ်ပေးရပါမယ်။ ယဉ်ကျေးမှုအစဉ်အလာနဲ့ လူနေမှုစရိုက်ဟန်ပန်၊ (lifestyle) ဆိုတာကလည်း (knowledge-base) ပညာအရင်းခံဖြစ်ရပ်တခုပါ။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အာဏာရှင်စနစ်လက်အောက်မှာ သိသိသာသာကြီးကျဆင်းခဲ့ပါတယ်။
ပညာရေးကို ဖြစ်သလိုသင်ကြားပေးခဲ့ပြီး ပြည်သူတွေကို အသိညဏ်မတိုးတက်စေအောင် ကမ္ဘာနှင့်
အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေကို ပြားပြားဝတ်အောင် မတရား
တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ခဲ့လို့  တိုင်းပြည်ဆင်းရဲခဲ့ရပြီး စားဝတ်နေရေးကျပ်တည်းလာတာကြောင့်
ပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊ကျမ်းမာရေး၊လူမှုရေးတွေ ချို့ ယွင်းပျက်ဆီးခဲ့ရကာ လူနေမှုစရိက်တွေ
ကြမ်းတမ်းလာရပြီး ဘ၀ရပ်တည်ရေးအတွက် စားဝတ်နေရေးနဲ့ ပဲ အချိန်ကုန်ကာ တိုင်းပြည်နှင့်
ပြည်သူများနစ်နာခဲ့ရသည်။

 ဘဝကို ရင်ဆိုင်ရာမှာ အဆင့်မြင့်ရပါမယ် တွေးခေါ်မှု၊ကျိုးကြောင်း ဆီလျော်စွာ တွေးခေါ်နိုင်မှု၊ အဆင့်လိုက် အဓိပ္ပါယ်ရှိရှိ ယုတ္တိတန်တန်  တွေးခေါ် ကောက်ချက်ချနိုင်ခြင်း ပုစ္ဆာအကြီး အသေးကို   ဖြေရှင်းနိုင်စွမ်းရှိခြင်း၊ ပညာနဲ့ ယှဉ်တဲ့ မှန်ကန်တဲ့ အဆုံးအဖြတ်မျိုးပေးနိုင်ခြင်းတို့ဟာ အဆင့်မြင့် ပညာသင်တန်းကို အောင်မြင်ပြီးတဲ့သူတွေ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိရပါမယ်။ဖွံ့ ဖြိုးတိုးတက်
နေတဲ့နိုင်ငံ၊တိုးတက်ဆဲနိုင်ငံတွေကိုကြည့်ရင် များသောအားဖြင့် ပညာရေးအဆင့်မြင့်တာကို တွေ့ 
မြင်ရမှာဖြစ်ပြီး နံမည်ကြီးတက္ကသိုလ်များကို ထင်ရှားစွာတွေ့ ရမှာပါ။နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်
သည် အဆင့်မြင့်ပညာ တက္ကသိုလ်အောင်မြင်သူများဖြစ်ကြသည်။လက်တွေ့ ကျသောအတွေး
အခေါ်ပိုင်းဆိုင်ရာကိုလည်း ဘာသာရပ်တခုအနေနဲ့ သင်ကြားပေးတာတွေ့ ရပါတယ်။


မြန်မာနိုင်ငံသားတို့ သည် ညဏ်ပညာထက်မြက်ပြီး ဖြတ်ထိုးညဏ်ကောင်းမွန်လှပေသည်။စစ်အစိုးရ
၏ ဖိနှိပ်ထားမှုကြောင့်သာ တိုးတက်သင့်သလောက် မတိုးတက်ကြပဲ နိုင်ငံတကာတွင် ပညာစည်းပူး
နေကြရသည်။မြန်မာ့ပညာရေးသည် အာမခံချက်မရှိသလို့  လူသားဇစ်မြစ်ရပ်တည်နိုင်ရေးအတွက်
လူ့ အခွင့်အရေးများလည်း ဆုံးရှုံးနေကြရရှာသည်။စစ်မှန်သောဒီမိုကရေစီပြုပြင်ပြောင်းလည်ရေးနှင့်
အတူ နိုင်ငံရေးအခင်းအကျင်းများပြောင်းလဲလာမှသာ ပြည်သူများအနေဖြင့် အသိပညာ အတတ်ပညာ
နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာများ ပိုမိုပြောင်းလဲလာမည်ဖြစ်သည်။စစ်မှန်သော ဒီမိုကရေစီပြောင်းလဲ
ရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးကြီးလှပေသည် ပြည်သူလက်မခံပဲ အခြေခံဥပဒေကို
ရေးဆွဲ အတည်ပြု၍မရသလို ပြည်သူ၏ ထောက်ခံအားပေးမှုမရှိဘဲ အစိုးရတရပ်သည် ရပ်တည်၍
မရနိုင် ဥပမာ ယနေ့ ဖြစ်ပေါ်နေသောပြဿနာအာလုံးသည် အာဏာရှင်စနစ်ဆိုး၏ အကျိုးဆက်များ
ဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ လူမျိုးစုပြဿနာများကိုလည်း ဒီမိုကရေစီနည်းအရ တန်းတူအခွင့်အရေးနှင့်
တရားမျှတမှုများအပေါ်အခြေခံရမည်။လက်ရှိအစိုးရ၏ ပြဿနာများ ဖြေရှင်းရာတွင် လွတ်လပ်မှု၊    တရားမျှတမှု၊ ဒီမိုကရေစီစံနှုန်း၊ သည်းခံမှု၊ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများဆန္ဒကို လိုက်နာမှု၊ ယဉ်ကျေးမှုရေးရာ ကွဲပြားမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် လူ့အဖွဲ့အစည်းနှင့် တိုင်းပြည်များအကြား အပြန်အလှန် နားလည်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာကျင့်သုံးခြင်း စသည့်အချက်များကို
အလေးမထားခြင်းကြောင့် ပြဿနာများ ရှုပ်ထွေးရခြင်းဖြစ်ပေသည်။ 

ပြည်သူလူတုတရပ်လုံးသည် မိမိကြိုက်နှစ်သက်သောနိုင်ငံသားတစ်ဦးကို လွတ်လပ်စွာရွေးချယ်ပိုင်
ခွင့်ရှိသည်။ပြည်သူ့ ဆန္ဒဖြင့်သာ မှန်မှန်ကန်ကန်ရွေးချယ်တင်မြောက်သောသူသည် နိုင်ငံတော်
သမ္မတအဖြစ်ခန့် အပ်ရမည်။အာဏာရှင်နိုင်ငံများတွင် ဖြစ်ပေါ်နေသော လူထုအုံကြွမှုများ၏
အထိက အကြောင်းအရင်းသည် ပြည်သူ့ ဆန္ဒမပါပဲ ရွေးချယ်တင်မြောက်ခြင်းကြောင့် ပြဿနာ
ပေါင်းစုံဖြစ်ပေါ်နေရပြီး တိုင်းပြည်ပျက်ဆီးကာ နိုင်ငံနှင့်လူမျိုးများ နစ်နာရသည်။ထို့ ကြောင့် ပြည်သူများ
၏ အခန်းကဏ္ဍသည်အရေးကြီးပြီး အစိုးရမှ မတရားလုပ်မှုများကို ခေါင်းငြိမ့်မခံပဲ လူသားများ၏ရပိုင်ခွင့်
များကို လူ့ အခွင့်အရေးရှု့ ဒေါင့်မှ မှန်မှန်ကန်ကန်ပြန်လည်တုန့် ပြန်ရမည်။


မြသိန်း