Sunday, September 8, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရုံးခွဲ (ရန်ကုန်)တွင် တရားဥပဒေဆိုင်ရာဆွေးနွေးပွဲ တက်ရောက်



ရ.၉.၂၀၁၃၊နေလည် ၁၂း၃၀တွင် ရန်ကုန်မြို့ ကမာရွတ်မြိုနယ် အင်းယားလမ်းရှိ လွှတ်တော်ရုံးခွဲတွင်   ပြည်သူလွှတ်တော်မှကျင်းပပြုလုပ်သော တရားဥပဒေဆိုင်ရာဆွေးနွေးပွဲသို့  ပြည်တောင်စု
လွှတ်တော် နာယက သူရဦးရွှေမန်း ၊ဒေါ်အောင်ဆန်းစုကြည် ၊ ဦးနန္ဒကျော်စွာ၊ သူရဦးအောင်ကို၊
ဦးမောင်ဦး ၊ဦးမြင့်ထွန်း၊ဦးဝင်းမြင့်၊ဦးခင်မောင်ဝင်း ၊ဦးလွင်ဦး၊ ဦးသိန်းညွှန့် ၊ဦးစိုးဝင်း ၊

ဦးသိန်းဆွေ ဒု ဥက္ကဌ -(ကော်မရှင်)၊
ဦးဌေးမြင်.ဒု ဥက္ကဌ (ကော်မရှင်)
ဦးမြင်.ဆွေ -၀န်ကြီးချုပ် (ရန်ကုန်တိုင်းဒေသကြီး)
ဦးမြင့်အောင်(တရားသူကြီးချုပ်)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
ဦးဝင်းဆွေ တရားသူကြီးချုပ်(ရန်ကုန်တိုင်းဒေသကြီး)
ှဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဒုဝန်ကြီး (ပြည်ထဲရေးဝန်ကြီးဌာန)
ဦးကျော်မိုးနိုင် ဥပဒေချုပ် (ရန်ကုန်တိုင်းဒေသကြီး)
ဦးအုန်းမောင် ဥက္ကဋ္ဌ (ရန်ကုန်ရှေနေအသင်း)
ဦးကိုကိုမြင့် ဒုဥက္ကဋ္ဌ (ရန်ကုန်ရှေနေအသင်း)
ဦးကိုနီ (ရှေ့ နေကွန်ယက်)
ဦးလှထွန်း (ရှေနေကွန်ယက်)
ဦးမျိုးညွှန့်  (တရားရေး ငြိမ်း)
ဦးရဲထွန်း (တရားရေး ငြိမ်း)
ဦးအောင်ငွေ (တရားရေး ငြိမ်း)
ဦးလှမောင် (တရားရေး ငြိမ်း)
ဦးလှမြင့်သိန်း(တရားရေး ငြိမ်း)
ဦးသောင်းထွန်း(တရားရေး ငြိမ်း)
ဦးမြတ်စိုး (တရားရေး ငြိမ်း) နှင့် အခြားဖိတ်ကြားထားသောပညာရှင်များတက်ရောက်ကြသည်။

 ဆွေးနွေးကြရာတွင် တရားစီရင်ရေးနယ်ပယ်အပေါ် အုပ်ချုပ်ရေးနယ်ပယ်မှ မစွက်ဖက်ရန်၊ အာဏာသြဇာသုံးခြင်း (သို့ )တရားသူကြီးများမှ အဂတိလိုက်စားခြင်းကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးနှင်ံ ပြည်သူရဲတပ်ဖွဲလုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ   ပြင်ဆင်ရေးဆွဲနိုင်ရန် ပြင်ဆင်သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြသည်၊ (ဒေါ်အောင်ဆန်းစုကြည်မှဆွေးနွေးသည်များ ဆက်လက်ဖေါ်ပြပါမည်)