ဗိုလ်ချုပ်အောင်ဆန်းဟုဆိုလျှင်
မြန်မာနိုင်ငံတ၀ှမ်းလုံး လူကြီး လူငယ် သိရှိကြသည်။ဗိုလ်ချုပ်အောင်
ဆန်း၏ သမိုင်းကိုလည်း ငယ်စဉ်ကသင်ကြားခဲ့ဘူးသူများကြသည်။လွတ်လပ်ရေး၏ ဗိသုကာကြီး၊
တပ်မတော်၏ ဖခင်းကြီးလို့  တင်စားဂုဏ်ပြုခဲ့ကြသည်။ဗိုလ်ချုပ် လွတ်လပ်ရေးကြိုးဖမ်းခဲ့သော သမိုင်း
စာအုပ်များသည် အများအပြားရှိခဲ့ပြီး သမိုင်းအထောက်အထား သက်သေစာအုပ်များအဖြစ် ထင်ရှား
သည်။တိုင်းပြည်နဲ့  နိုင်ငံသားအားလုံးကို မျက်နှာဖြူနယ်ချဲ့  အရင်းရှင်နှင့် ဖက်စစ်ကျွန်ဘ၀မှ လွတ်
မြောက်ရန် နဲ့ ချဲ့ တော်လှန်ရေး၊ဖက်စစ်တော်လှန်ရေးတို့  ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ပြီး ဗမာနိုင်ငံ
တမျိုးသားလုံး သူ့ ကျွန်ဘ၀မှ လွတ်လပ်ပြီး ၁၉၄၈ ခုနှစ်တွင် ဗမာပြည်လွတ်လပ်ရေးရရှိခဲ့သည်။
၁၉၄၇ ခုနှစ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်နေစဉ် ၀န်ကြီးများရုံးတွင် အစည်းဝေးကျင်းပနေခိုက်
မသမာသူ ဂဠုန် ဦးစော၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်
ခေါင်းဆောင်ကြီးများ ၉ ဦးကျဆုံးခဲ့ရသည်။ဗိုလ်ချုပ်သည် နိုင်ငံအကျိုးအတွက် အသက်စွန့် ၍ တိုင်းပြည်
လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့မှုများကို ဂုဏ်ပြုသောအားဖြင့် ၅ကျပ်တန်၊၃၅ ကျပ်တန်၊
၁ ကျပ်တန်များ ပုံနှိပ်ထုတ်ဝေ အသုံးပြုခဲ့ကြသည်။ဗိုလ်ချုပ်အောင်ဆန်းဟုဆိုလျှင် ကမ္ဘာ့သမိုင်း
တွင် ထင်ရှားသူတစ်ဦး ဖြစ်သည်။
ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှု
ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံသူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။ဗိုလ်ချုပ်အောင်ဆန်းလို လွတ်လပ်ရေးနှင့် တိုင်းပြည်အတွက် အသက်စွန့် သွားသော အာဇာနည်ခေါင်းဆောင်မျိုးကို မထောက်ခံလျှင် ဒီလွှတ်တော်ဘာလွှတ်တော်လဲ ကိုယ်ကျိုးရှာလွှတ်
တော်ဖြစ်နေပြီ သမိုင်းရှိုင်းခဲ့လေသည်။ရှေးအဆက်ဆက်က တိုင်းပြည်အကြိုးဆောင်ရွက်ခဲ့ကြတဲ့
ခေါင်းဆောင်တွေကို ဒီလွှတ်အမတ်တွေ အသိအမှတ်မပြုဘူးဆိုတာ ကိုယ်လုပ်နေတဲ့နိုင်ငံရေးဟာ
ဘယ်ကစခဲ့လို့  ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမသိကြတဲ့ ကျေးဇူးမသိကြတဲ့ လွှတ်တော်အမတ်
တွေကို ဘယ်လိုလုပ်ပြီး တိုင်းပြည်ရဲ့ တာဝန်တွေကိုပေးအပ်ကြမလဲ ကိုယ်ကျိုးရှာလွှတ်တော်အမတ်
များကို ပြည်သူတွေအနေဖြင့် ရဲရဲဝံ့ဝံ့ဆန့် ကျင်ရန်လိုအပ်နေပါပြီ။ကျက်သရေမဲ့ အစဉ်အလာမရှိတဲ့
ပြည်သူသတ်တဲ့ အဖွဲ့ အစည်းရဲ့  အမှတ်တံဆိပ် ခွေးင်္ခြသေ့ ငွေစက္ကူကိုတော့ လက်ခံနေကြတယ်။
မဲဆန္ဒရှင်တွေ မိမိတို့ လွှတ်တော်အမတ်တွေရဲ့  ရဲရင့်ပြတ်သားစိတ်မရှိပဲ အာဏာကိုကြောက်ရွံ့ သူ
များကို ပြန်မေးခွန်းထုတ်ဖို့ လိုသည်။ဒီမိုကရေစီဆိုသည်မှာ အာဏာသည်ပြည်သူ့ ထံမှ ဆင်းသက်ရ
ပြီး အစိုးရနှင့် လွှတ်တော်လုပ်ရပ်များကို ပြည်သူများက ဝေဖန်ထိန်းကြောင်းပေးရမည်။
မြန်မာ့ဒီမိုကရေစီအရေးသည် ရှေ့ သို့ မတိုးနိုင်ဘဲ ဖြစ်နေရသည်မှာ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို
အမှောင်ချထားခဲ့သော အာဏာရှင်စနစ်ကြောင့် ကမ္ဘာနှင့်အဆက်အသွယ်ပြတ်ခဲ့ရပြီး ပညာရေးစနစ်
သည်လည်း အမြင်မကျယ်ခဲ့ပဲ အသိညဏ်ပညာ ကျဉ်းမြောင်းသော အလွတ်ကျက်အဆင့်နိမ့် ပညာရေး
ကြောင့် ကမ္ဘာ့ဗဟုသုတများ လေ့လာသင်ကြားမှု လက်တွေ့ မှာအားနည်းပြီး စဉ်ကျင်ထုံတရားမရှိ
ဖြစ်ခဲ့ရသည်။ယနေ့  လူငယ် လူကြီးများသည် စာတွေ့ သာသိပြီး လက်တွေ့ ကျကျမသိရှိကြပေ။နိုင်ငံ
တကာနှင့် ကမ္ဘာကြီးတိုးတက်ပြောင်းလဲနေသော ဂလိုလ်ဘဲယ်လိုက်ဇေးရှင်း ခေါ်တဲ့ ကမ္ဘာ့ကွန်ယက်
ကြီး၏ ပြောင်းလဲမှုတွေကို လိုက်မမှီအောင် နောက်ကျနေသည်။ အတွေးအခေါ်ပညာရပ်တွင် အား
နည်းနေရခြင်းဖြစ်ပြီး ဒီမိုကရေစီ၏ အခြေခံသဘောတရာများကို မသိ၊အခြေခံဥပဒေ၏ အခြေခံ
သဘောတရားများလည်းနားမလည်၊ကမ္ဘာ့ကွန်ယက်ကြီးကိုလည်း ထဲထဲဝင်ဝင် ထိုးဖေါက်ဝင်ရောက်
လေ့လာမှုအားနည်း၊ စာဖတ်မှုအားနည်းခြင်းတို့ ကြောင့် အတွေးအခေါ်အမျှော်အမြင် နည်းကြရ
လေသည်။
နိုင်ငံတကာတွင် မိမိတို့ တိုင်းပြည်အတွက် သည်ပိုးထမ်းဆောင်သွားကြသော နိုင်ငံအထင်ကရ ခေါင်း
ဆောင်ကြီးများကို အလေးထားဂုဏ်ပြုသောအားဖြင့် မိမိတို့ နိုင်ငံထုတ် ငွေစက္ကူများတွင် ထည့်သွင်း
ပုံနှိပ်၍ နိုင်ငံသုံးငွေစက္ကုအဖြစ် ကမ္ဘာကသိအောင် ဆောင်ရွက်ကြသည်။အမေရိကန်ဒေါ်လာနှင့်
ဂျပန်ငွေစက်က္ကူများတွင် ခေါင်းဆောင်ကြီးများ၏ပုံကို ပုံနှိပ်၍ဂုဏ်ပြုကြသည်။အခြားနိုင်ငံတကာ
တွင်လည်း ထိုနည်းတူစွာ မိမိတို့ အထင်ကရ ခေါင်းဆောင်များကို ဂုဏ်ပြုကြသည်ကို တွေ့ မြင်ရ
သည်။မြန်မာနိုင်ငံသည့် အဘယ်ကြောင့် တိုင်းရင်းသားပြည်သူများက ချစ်မြတ်နှိုး၍ လက်ခံကြသော
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပင် အသိအမှတ်ပြု ဂုဏ်ပြုဖို့ ရာ ၀န်လေးနေ
ကြသနည်း။ကျေးဇူးတင်ထိုက်သူကို ကျေးဇူးဆပ်ခြင်းသည် ကောင်းသော မင်္ဂလာတစ်ပါး
ဖြစ်ပါလျှက်နဲ့  ကျေးဇူးမဲ့စွာ ကျေးစွပ်ခြင်းသည် အမင်္ဂဖြစ်သည်ကိုပင် နားမလည်ကြလေသလော။
လွှတ်တော်တွင် ပြည်သူကတင်မြောက်ထားသော လွှတ်တော်အမတ်များသည် ပြည်သူ့ အခွန်ငွေနှင့်
နိုင်ငံတော် ဘဏ္ဍာငွေများ စားသုံးနေကြသောလည်း နိုင်ငံအကြိုးနှင့် ပြည်သူ့ အကြိုးဆောင်ရွက်ရမည်
ကို နားမလည် သဘောမပေါက်ကြပေ။ပါတီစွဲ၊ပုဂ္ဂိုလ်စွဲများဖြင့် တိုက်ခိုက်နေကြသည်သာတွေ့ ရှိရ
သည်။ပြည်သူ့ အကြိုးအတွက် ဖြစ်ပေါ်နေသော ပြဿနာများကို ထဲထဲဝင်ဝင်ဖြေရှင်းပေးခြင်းမရှိ၊
နိုင်ငံနှင့်ပြည်သူအတွက် အသက်သွေးကြောဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးတွင် အစိုးရကော
အတိုက်အခံပါတီများကပါ အားတက်သရော ဒီမိုကရေစီစံနှုန်တွေနဲ့ မညီတဲ့ ဥပဒေတွေကို ပြင်ဆင်
ဖို့ ၊အသစ်ပြန်လည်ရေးဆွဲဖို့  ထက်ထက်မြက်မြက် ပြောဆိုဝေဖန်ခြင်းမရှိသည့်အပြင် စဉ်စားပြင်ဆင်
ရန်လည်မကြိုးစားကြပေ၊၂၀၀၈ အခြေခံဥပဒေက တရားမျှတမှုမရှိဘူဆိုရင် မှီတင်းနေထိုင်ကြသော
တိုင်းရင်သားပြည်သူအားလုံး ပြင်ဆင်ရန်စိတ်ရောကိုယ်ပါ လှုံဆော်ရမည့်အစား လွှတ်တော်အမတ်
များ၏အသံအားနည်းနေသည်ကိုတွေ့ ရသည်။ပြည်သူကတင်မြောက်ထားသော လွှတ်တော်အမတ်
များက နိုင်ငံနဲ့ ပြည်သူ့ အကျိုးမဆောင်ရွက်ဘူးဆိုရင် ဘယ်အတွက်နဲ့ မှတင်မြောက်စရာမလိုပေ။
ပြည်သူ့ အကျိုးဆောင်ရှေ့ နေများအနေဖြင့်လည်း နိုင်ငံတော်ဝန်ထမ်းများ ဥပဒေအကျိုးဆောင်များ
သည် ဒီမိုကရေစီနိုင်ငံများတွင် မိမိတို့  ဥပဒေ ပညာရှင်များကို မည်သည့်အာဏာပိုင်အဖွဲ့ အစည်း
စီပွားရေးလုပ်ငန်ရှင်များ၊လူမှုအဖွဲ့ အစည်းများ၏ ဖိအားပေးမှုကို လက်မခံပေ။ထိုနည်တူစွာ မြန်မာ
နိုင်ငံရှေ့ နေများကောင်စီအနေဖြင့် ဘက်မလိုက်ဘဲ သီးသန့် ရှင်သန်နေရမည်ဖြစ်ပြီး နိုင်ငံအကြိုးနှင့်
ပြည်သူ့ အကြိုးကို လွတ်လွတ်လပ်လပ် တရားမျှတစွာဖြင့် ဆောင်ရွက်သင့်ပေသည်။
မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာရှိခဲ့သော နိုင်ငံအတွက် ကိုယ်ကြိုးစွန့် အနစ်နာခံ ခေါင်းဆောင် ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် သူရဲကောင်းများအား
မမေ့မလျော့ပဲ နိုင်ငံနှင့် တစ်မျိုးသားလုံး သူ့ ကျွန်ဘ၀မှလွတ်မြောက်ပြီး လွတ်လပ်ရေးကို
ရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုကျေးဇူးဆပ်ခြင်းသည် အမျိုးသားနိုင်ငံ
ရေးဖြစ်သည်။ကျေးဇူးတင်ထိုက်သူကို ကျေးဇူဆပ်ခြင်း မြင့်မြတ်သော ဂုဏ်သိက္ခာဖြင့်
ရိုးသားစွာဆောင်ရွက်ကြရန် နှိုးဆော်အပ်ပါသည်။
မြသိန်း