Sunday, September 8, 2013

၂၀၂၀ ခုနှစ် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို ဂျပန်နိုင်ငံတွင် ကျင်းပမည်

သက္ကရာဇ် ၂၀၂၀ မှာကျင်းပမယ့် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ
ကျင်းပရန် အနိုင်ရရှိခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့  စီးပွားရေးဟာ တဖြေးဖြေးတိုးတက်လာနေပြီး
အခွန်တိုးကောက်မှုကိုလည်း နိုင်ငံတကာနှင့်စံချိန်မီအာင် ဆောင်းဦးပေါက်ရာသီမှာ တိုးကောက်နိုင်ဖို့ 
အာဘဲ ၀န်ကြီးချုပ်က ကြိုးစားနေပါတယ်။တချိန်ထဲမှာဘဲ Fukushima nuclear နျူကလီယား ပြဿနာ
ဟာ ကြီးထွား၍လာနေချိန်မို့  တိုကျိုအိုလံပစ်ကစ္စကို စိုးရိမ်မှုတွေရှိခဲ့ပေမဲ့လည်း ပြိုင်ဘက်ဖြစ်တဲ့နိုင်ငံ
အစ္စတန်ဘူလ်ဟာ အိမ်နီးချင်း Syria ပြဿနာနှင့် မက်ဒရစ် က ဘဏ္ဍာရေး ပြဿနာနဲ့ ရင်ဆိုင်နေရ
တဲ့အတွက် တိုကျိုကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ၀န်ကြီချုပ် အာဘဲ ရှင်းဇိုး( Shinzo Abe)နှင့် အစိုးရအဖွဲ့ ဟာ အားသွန်ခွန်စိုက် ကြိုးစား
ခဲ့ပြီး ပြည်သူများ၏ ထောက်ခံမှုလည်း ရရှိခဲ့ပါတယ်။ အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပပေးခွင့်ရတာဟာ ဂျပန်နိုင်ငံအတွက် အများကြီးအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။
ဂျပန်ပြည်သူများကလည်း နွေရာသီအိုလံပစ်အားကစားပွဲတော်ကိုဂျပန်နိုင်ငံရရှိရေး စိတ်ဝင်စားမှုများ တိုးလာနေတာတွေ့ ရပါတယ်။ ၁၉၆၄ ခုနှစ်မှာပဲ ဒီအားကစားပွဲကို  တိုကျိုမြို့တော်မှာ နောက်ဆုံး
အကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။