Wednesday, September 11, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခက်အခဲအများကြီး ရှိသော်လည်း လက်လျော့မည်မဟုတ်


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ကောင်စစ်ဝန် Mr Hisankga Tomioka က အမျိးသားဒီမို
ကရေစီအဖွဲ့ ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းအား ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဦးဥာဏ်ဝင်းက အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ပါသည်။

ကျနော်တို့ ဖွှဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖြစ်တယ်။ အချိန်နဲ့ လုပ်ငန်းစဉ်ကိုပဲဆွေးနွေးတာဖြစ်တယ်။ ဘယ်ပုဒ်မတွေ၊ ဘာတွေပြင်မယ်ဆိုတာ မဆွေးနွေး ဖြစ် သေးဘူး။ လွှတ်တော်မှာ ဖွဲစည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ
ရှိတယ်၊ သူတို့ ကတော့ ဒီကိစ္စ ကို နောက်တစ်ကြိမ်လွှတ်တော်အစည်းအဝေးပြန်စချိန်မှာ   ဆွေးနွေးမယ်ဆိုတော့ အချိန်ကတော့ သုံးလေးလ လောက်ကြာမယ်။ ဒီကြားကာလအတွင်း ကျနော်တို့ က တိုင်းရင်းသားပါတီတွေနဲ့ ညှိုနှိုင်းဆွေးနွေးတာတွေ ပြုလုပ်မယ်။

၇.၉.၂၀၁၃ ရက်နေ့ အဖွဲ့ ချုပ်ရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ တိုင်းရင်းသား ပါတီ (၆) ပါတီ
တက်ရောက် တယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုတာတွေရှိတယ်။ ကျနော်တို့ အနေနှင့် အဆုံးအဖြတ်ကို မဆွေး နွေးသေးဘူး။ အဲ့ဒီ့နေ့ က ဆွေးတာက လုပ်ငန်းစဉ်ကိုပဲ ဆွေးနွေးတာဖြစ်
တယ်။

ဖဒရယ်စနစ်မှာ ပြည်နယ်ဘယ်နှစ်ခုထားမယ်၊ဘာကိုအခြေခံမယ်ဆိုတာက နောက်အစည်းအဝေး
တွေမှာ ဆွေး နွေးဖြစ်မယ်ထင်တယ်။ လောလောဆယ် ယာယီအားဖြင့် တစ်ပတ်တစ်ကြိမ် 
စနေနေ့ တိုင်း တိုင်းရင်းသားပါတီ တွေနဲ့ အစည်းအဝေးရှိမယ်။ ကျင်းပမယ်။

နောက်အစည်းအဝေးတွေမှာ တိုင်းရင်းသားပါတီတွေပိုတက်လိမ့်မယ်။ ခုနယ်တွေကို ဖိတ်စာပို့ 
ထားတယ်။ တက်မယ်လို့ အကြောင်းပြန်တဲ့ ပါတီတွေရှိနေပြီ။ကျနော်တို့ တွေးတာက ဖဒရယ်၊ (ဆွေးနွေးတာမဟုတ်ဘူး)။ ဖဒရယ်ကို ပြောတယ်။ တိုင်းရင်းသားပါတီအကြီး တွေရော အသေးတွေ
ပါ ဖဒရယ်ကိုပြောတယ်။ ဖဒရယ်မှာ အာဏာခွဲဝေမှုက အရေးအကြီးဆုံးပဲ။ အဓိက က အဲဒါကို ဆွေးနွေးရမယ်ထင်တယ်။

သူရရွှေမန်းပြောတဲ့ ပြည်ထောင်စုတပ်မတော်တစ်ခုတည်းဖြစ်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါမှ 
တပ်မတော်က တိုင်းပြည်နဲ့ စည်းလုံးညီညွှတ်မှာပါ။ ဒါပေမယ့် ဖဒရယ်တပ်မတော်လုပ် ရမယ်လို့ တိုင်း၇င်းသားပါတီတွေက တောင်းဆိုတာတော့ တစ်ခါမှမကြားဖူးဘူး။ အင်အား ကြီးတဲ့တိုင်းရင်းသားတွေက ဖဒရယ် မတိုင်ခင်အထိ လက်နက်ကိုင်မယ်လို့ ပြောတာပဲ ကျနော်ကြားဘူးတယ်။ သူရဦးရွှေမန်း ဘာလို့ ဒီလိုပြောသလဲကျ နော်စဉ်းစားနေတာ။

ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ အစိုးရနဲ့ ပဲ ဆွေးနွေးတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ်ဒီလိုပဲ။ 
လွှတ်တော်က ဥပဒေပြုဖို့ ပဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်အစိုးရနဲ့ ဆွေးနွေးတယ်ဆိုတာ၊ ဒါက နည်းလမ်းကျပါတယ်။ အစိုးရက သူလုပ်နိုင်တယ်ထင်လို့ လုပ်တာ၊ မလုပ်နိုင်တော့ လွှတ်တော်ကိုအကူအညီတောင်းချင်တောင်းမှာ ပေါ့။

ဥပဒေကိုပြင်ဆင်ချင်တယ်ဆိုရင်တော့ လွှတ်တော်အတွင်းမှာဆွေးနွေးရမယ်။ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲကို အပြင်မှာဆွေးနွေး၊ ဆွေးနွေးပွဲရလာဒ် အရ ဥပဒေပြင်ဆင်ဘို့ လိုတယ်ဆိုရင်၊ လွတ်တော်အတွင်းမှာဆွေးနွေး၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ သင်္ချာနည်းအရပြောရ မယ်ဆိုရင်တော့ အောင်မြင်စရာမရှိဘူး။ ဒါပေမယ့် ကျနော်တို့ ဘာကြောင့်ပြင်ဆင်သင့်သလဲ ဘာတွေပြင်ဆင်ရမလဲဆိုတဲ့အချက်တွေကို ခိုင်ခိုင်လုံလုံနဲ့  ပြည်သူလူထုကို တင်ပြမယ်၊ နိုင်ငံရေးပါတီတွေကိုတင်ပြမယ်။ 

ပြည်သူလူထုကို ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဘာတွေပြင်မယ်ဆိုတာ ချပြတဲ့အတွက် တရားဥပဒေကို ကျူးလွန်ရာမရောက်ပါဘူး။ အစကတည်းက ကျနော်တို့ မှုထဲမှာကိုက “ ခင်ဗျားတို့ ဟာမှားနေတယ်၊ ကျုပ်တို့ ပြင်မယ်” လို့ ပါထားပြီးသားဖြစ်တယ်။

လောလောဆယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရှင်းလင်းပြောပြနေတဲ့ 
မြို့ နယ်တွေ မရှိသေးပါဘူး။ မြို့နယ်တွေအားလုံးကိုသွားနိုင်မှာမဟုတ်ဘူး၊ ခရိုင်လောက် အထိပဲသွားနိုင်မယ်။ တပတ်ကို နှစ်ခရိုင်လောက်သွားမယ်။ သုံးလလောက်တော့ကြာမယ်။

ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ကျနော်တို့ လက်လျော့ မှာ မဟုတ်ဘူး

၂၀၁၅ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ရွေးချယ်ဘို့ မှုဝါဒ မချရသေးပါဘူး။ လူငယ်ညီလာခံနဲ့  လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ဘာမှ မဆိုင်ပါဘူး၊