Saturday, September 7, 2013

အဖွဲ့ချုပ် တိုင်းရင်းသားဆက်ဆံရေးကော်မတီမှ တိုင်းရင်းသားပါတီ (၁၃) ပါတီနှင့် ဆွေးနွေး


                         အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
 ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်
ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်   
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းကပင် အမျိုးသားရင်ကြားစေ့ရေးသည် အဖွဲ့ချုပ်၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့်အလျောက် တိုင်းရင်းသားအားလုံးနှင့် အမြင်သဘောထားများ ဖလှယ်နိုင်ရန် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ မနက်ဖြန်နံနက် (၉)နာရီတွင် အဖွဲ့ချုပ်ရုံး၌ တိုင်းရင်းသားပါတီ (၁၃) ပါတီနှင့် အဖွဲ့ချုပ် တိုင်းရင်းသားဆက်ဆံရေးကော်မတီတို့ အစည်းအဝေး ကျင်းပခဲ့ပါသည်။
အမျိုးသားရင်ကြားစေ့ရေး၊ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် နှင့်တိုင်းရင်းသားပါတီများ အစည်းအဝေး စတင်နေပါပြီ။ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပါတယ်။တိုင်းရင်းသားအဖွဲ့ အစည်း
ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။
ဥက္ကဌ ဒေါ်အောင်ဆန်းဆုကြည်က နိဂုံးချုပ် အမှာစကားပြောကြားနေပါပြီ နိဂုံးချုပ်အမှာစကားပြော
ကြားပြီးလျှင် လ္ဘက်ရည်သောက်နားကြမည်ဖြစ်ပြီး။ ထို့ နောက် အလွတ်သဘောဆွေးနွေးကြမည်
ဖြစ်သည်။ အစည်းအဝေးအတွင်း ဆွေးနွေးမှုများ၊ အလွတ်သဘောဆွေးနွေးမှုများကိုမှု။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဧ။် တရားဝင် ဗဟိုပြန်ကြားရေး အဖွဲ့ ဝင် ဦးကြည်တိုးထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။