Saturday, September 21, 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စင်င်္ကာပူနိုင်ငံမှ ခန်းနားထည်ဝါသော ညစာစားပွဲဖြင့် ဂုဏ်ပြု

စင်င်္ကာပူနိုင်ငံမှ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံပိုင်လေယဉ်ဖြင့် လာရောက်ကြိုဆိုခဲ့ပြီး ၂၀၁၃-၉-၂၀ ရက်နေ့ ညမှာ စင်င်္ကာပူ ၀န်ကြီးချုပ်နှင့် အစိုးရ၀န်ကြီးများ ပညာရှင်များ အစိုးရဖိတ်ကြားထားသော အထူးဧည့်သည်တော်များ နိုင်ငံတကာ သံတမာန်များ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ခန်းနားထည်ဝါသော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့တာတွေ့ ရပါတယ်။တကယ်တော့ဒါဟာ ဂုဏ်ပြုထိုက်သူကို စင်င်္ကာပူနိုင်ငံမှ ဂုဏ်ပြု တာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အနာဂတ်ကို ဖန်တီးပေးမဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေပြီဆိုတာ ကိုလည်းပြသတာဖြစ်ပါတယ်။မြန်မာ့ဒီမိုကရေစီအရေး အောင်မြင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် လာမည့်ရွေးကောက်ပွဲမှာ အနိုင်ရရှိမှ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထွန်းထောက်လာမည့် နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဆိုတာကို မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအား စင်င်္ကာပူဝင်ကြီးချုပ်က   ပြောကြားလိုက်တာဖြစ်ပါတယ်။စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့    ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမှ မြန်မာနိုင်ငံဟာ ဖွံ့ ဖြိုးတိုးတက် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ နိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရ ရှိ ခဲ့မယ်ဆိုရင်   မြန်မာနိုင်ငံအတွက် သူကို လုပ်ဆောင်နိုင်စွမ်း အပြည့်ရှိသူ ခေါင်းဆောင်တစ်ယောက်အဖြစ်                 အပြည့်အ၀ ယုံကြည်ထားပါတယ်။

စင်္ကပူ ၀န်ကြီးချုပ် ( Lee Hsien Loong ...)
ASEAN nations မှ ဂျာနယ်လစ် များနဲ့ တွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်း စုကြည် အပေါ်
အာဆီယံ အစိုးရ များ၏ ထင်မြင်ချက် အပေါ် မေးမြန်း မှု့ အပေါ် ပြန်လည်ဖြေ ကြားချက်..20 Sep 2013...

ASIA PACIFIC. CNA/gn .(ဘာသာ ပြန်ချက်)