မြန်မာနိုင်ငံမှာ ၁၉၈၈ ဒီမိုကရေစီတောင်းဆိုဆန္ဒပြခဲ့သော တပြည်လုံးလူထုအုံကြွမူကြီးမှ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုမွေးဖွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံခဲ့သော
ကြောင့် အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။ထိုအချိန်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို တစိုက်မှတ်မှတ် တောင်းဆိုခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လူထုလှုပ်ရှားမှုများကို ပိတ်ပင်တားဆီးခဲ့ပြီး စစ်ဗိုလ်ချုပ်များနှင့် တွေ့ ဆုံ
ဆွေးနွေးရေး အကြိမ်ကြိမ်လုပ်ခဲ့သောလည်း အတွေးအခေါ်အမျှော်အမြင် ခေါင်းပါးသော စစ်ဗိုလ်ချုပ်
များမှ ဖမ်းဆီးထိမ်းသိမ်းပြီး ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။နိုင်ငံရေးထက်မြက်သူ
ခေါင်းဆောင်အားလုံး စစ်အစိုးရက ထိမ်းသိမ်းထားပြီး ၆၅ နှစ်ကျော် ထောင်ဒဏ်များ မတရားချမှတ်
၍ ထောင်ချခဲ့သည်။မြန်မာ့ဒီမိုကရေစီနိုင်ငံရေး နေ၀င်စပြုခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
စစ်အစိုးရမှ ဖိနှိပ်ခဲ့သောလည်း ၀ါရင့်နိုင်ငံရေးသမားကြီးများက ကြံကြံခံ၍ အဖွဲ့ ချုပ်မပြိုကွဲအောင်
ထိမ်းသိမ်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသောအခါ
အဖွဲ့ ချုပ်ကို ပြန်လည်အပ်နှင်းခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသောအခါ
လူထုရဲ့ အသံ၊နိုင်ငံတကာ၏အသံကို အလေးထားပြီး တွေ့ ဆုံနွေးနွေးရေးလမ်းကြောင်းကို လျှောက်
လှမ်းမြဲလျှောက်လှမ်းခဲ့သည်။
တွေ့ ဆုံနွေးနွေးရေးမှတဆင့် အာဏာရအစိုးရနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နိုင်ငံရေးလမ်းကြောင်း
ပေါ်မှ တူတာတွေကိုတွဲလုပ်ပြီး မတူညီတာတွေကိုခွဲလုပ်မည်ဟု အယူအဆပေါ်ပေါက်လာခဲ့ပြီး
နိုင်ငံရေး အလှည့်အပြောင်းကို အရယူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တရားဝင်လမ်းကြောင်း
ပေါ်သို့  ၀င်ရောက်ခဲ့ကာ အစိုးရနှင့် ညှီနှိုင်းကာ တရားဝင်မှတ်ပုံတင်ပြီး ၂၀၁၁ တွင် ကြားဖြတ်ရွေး
ကောက်ပွဲ ၀င်ခဲ့သည်။ထိုနောက် လွှတ်တော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်ရောက်လာ
ခဲ့ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလှုပ်ရှားမှုနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများကို
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ လုပ်ဆောင်လာလေသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးမရရှိခဲ့သောကြောင့် ပြည်တွင်းစစ်
ကို နှစ်ပေါင်း ၅၀ ကျော်ဖြစ်ပွားနေရပြီး တိုင်းရင်းသားဒေသများ ဆင်းရဲအသိဒုက္ခများရောက်ခဲ့ရကာ
ငြိမ်းချမ်းသောနည်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
မှ နှစ်ပေါင်း ၂၀ ကျော်ကြိုးစားခဲ့ရသည်။
ယနေ့ အချိန်တွင် အစိုးရနှင့် တိုင်းရင်းသားတို့ အကြား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးအောင်မင်း ဦးဆောင်ကာ တိုင်းရင်းသားများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်
နေသော်လည်း ထာဝရပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့  ခက်ခဲနေသည်ကိုတွေ့ ရှိရသည်။
မီးရထားဝန်ကြီး ဦးအောင်မင်းဟာ (၆၆) တပ်မမှူး ဖြစ်ခဲ့ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
အဖြစ် ထပ်မံ ရာထူးတိုးခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဟာ ဆရာဝန်ဖြစ်ပြီး မိခင်နဲ့ကလေး စောင့်ရှောက် ရေးအသင်းမှာ တာဝန်ထမ်းဆောင်နေ သူ ဖြစ်ပါတယ်။ သူဟာ ထောက်လှမ်းရေးမှာ နေခဲ့သူပီပီ ပရိယာယ်၊ ဥာဏ်များလှပြီး ဗေဒင်ယတြာ အစီအမံတွေနဲ့ လုပ်လာ တက်တာကြောင့် တိုင်းရင်းသား အဖွဲ့များ အနေဖြင့် သတိထား ဆက်ဆံသွားဖို့ လိုကြောင်း တိုက်တွန်း အကြံပြုအပ်ပါသည်။
ယနေ့ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေဟာ အောင်မင်းကောင်းလို့ မဟုတ်ပါဘူး အောင်မင်းဘာ
ကောင်ဆိုတာ လူတိုင်းသိပါတယ်။တိုင်းရင်းသားတွေလည်း ညံသူမဟုတ်ပါ ရာဇ၀င်တွေကို သိထား
သူတွေဖြစ်ပါတယ်။ခေတ်အခြေအနေအရ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိုင်းရင်းသားတွေ လျှောက်
လှမ်းနေတာဖြစ်တယ် တရားမျှတမှုမရှိရင် လက်ခံမှာမဟုတ်သလို တမ်းတူညီမျှအခွင့်အရေးမရရှိရင်
လက်ခံမှာမဟုတ်ပါဘူး။ အောင်မင်းတော်လို့ ငြိမ်းချမ်းရေး ရတာမဟုတ်ဘူးဆိုတာ သိထားဖို့ တော့
လိုတယ်။ဦးအောင်းမင်းဟာ ခေတ်ပြောင်းတော်လှန်ရေးမှာ နေရာဝင်ယူသူ ပါးနပ်သူတဦးဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
မှ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျှော်အမြင်ကြီးမှုကြောင့် အထီးကျန် အာဏာရှင်ဘ၀မှ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ မှုနှင့် ဗိုလ်ချုပ်တွေကို ပြည်ဝင်ခွင့်ပါပိတ်ပင်ထား
ခံရပြီး အာဏာရှင် ဗိုလ်ချုပ်ကြီးတွေကြောင့် မြန်မာနိုင်ငံဟာ အထီကျန်ဘ၀နှင့် နိုင်ငံတကာ၏
ဥပေက္ခာပြုခြင်းကိုခံခဲ့ရပါတယ်။အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံဆွေးနွေးမှုတွေရှိလာမှ
ပိတ်ဆို့ တားဆီးမှုတွေ ပြန်လည်ပွင့်လာကာ နိုင်ငံတကာအလည်မှာ ပြန်လည်ဝင်ဆန့် လာပြီး သွားရောက်လည်ပတ်ခွင့်တွေရရှိခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကိုရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးစားအားထုတ် မှုကြောင့်ဖြစ်ပေသည်။
ဦးအောင်မင်း၏ နောက်ကြောင်းပြန် သုံးဆွဲမှုသည် ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ
တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နေကြသော နိုင်ငံရေးသမားတို့ ၏ ဂုဏ်သိက္ခာနှင့်
ယဉ်ကျေးသောသိမ်မွေ့ သော အသုံးအနှုန်းမဟုတ်ပေ၊စစ်အာဏာရှင်တို့ ၏ အသုံးအနှုန်းပြန်လည်
သုံးစွဲလာခြင်းဟာ သူရဦးရွှေမန်း ထားဝယ်မြို့  ဒေသခံတွေနဲ့ တွေ့ ဆုံချိန် မိန့် ခွန်းမှ
"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင် တက်လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့ လွှဲပေးတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့
စည်းပုံ အခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး" လို့  ပြောတဲ့
စကားနဲ့ လည်းတိုက်ဆိုင်နေပါတယ်။
ဘယ်ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာကို မသိပေမဲ့လည်း နောက်ကြောင်းပြန်ဖော်နေတာဟာ
အဓိပ္ပါယ်ရှိပါတယ်။ယနေ့ အခြေအနေတွေဟာ တပ်မတော်က တပ်ချုပ်ကြီးကြောင့်လို့ ထင်နေပုံရ ပါတယ်။ရဟန်းရှင်လူပြည်သူ တွေကတော့ တပ်ချုပ်ကြီးကြောင့် သေကြကျေကြ ဖိနှိပ်မှုတွေခံကြရ
နိုင်ငံလည်း အဆင်းရဲဆုံးနိုင်ငံဖြစ်ရ၊ ဓါးမိုးအောက်ကလွှတ်အောင် နိုင်ငံတကာမှာ ဒုက္ခသည်ဖြစ်ပြီး
နိုင်ငံပျောက်ကြရပါတယ်။ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက အာဏာလွှဲပြောင်းပေးနိုင်အောင်
ရေးသားပြဌာန်းထားတဲ့ ဖွဲ့ စည်းပုံလို့ ဆိုထားတော့ စစ်တပ်ကတဘက်သတ်ရေးဆွဲခဲ့တယ်ဆိုတာကို
ဝန်ခံထားပုံရပါတယ်။ ထိုခေတ်ထိုအခါကဆိုတော့ အခုအခါမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့ လို တယ်ပေါ့။အမြန်ဆုံးပြင်ဆင်ရမှာပါ ခေတ်နောက်ပြန်ပြောဆိုနေပေမဲ့လည်း သမိုင်းဆိုတာပျောက်ဖျက်
လို့ မရပါဘူး ပြည်သူတွေဟာ လူအတွေလို့ ထင်နေရင်မှားလိမ့်မယ်။သမိုင်းဖြစ်ရပ်တွေကို ပြန်ကြည့်
ရင် ဘယ်သူကောင်းတယ် ဆိုးတယ်ဆိုတာ အားလုံးသိပါတယ်။
မြသိန်း