skip to main |
skip to sidebar

မြ၀တီခရိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိန်ဗိုလ်နှင့် မြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးချိုတို့ ဦးဆောင်၍
အဖွဲ့ချုပ်ပါတီဝင်(၄၀)ခန့်သည် ယနေ့(၄.၈.၁၃)ရက်နေ့
နံနက်(၁၀း၃၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်း
ဦးငွေတင်နေအိမ်တွင် ဖွင့်လှစ်ထားသော NLD ကယ်ဆယ်ရေးစခန်းမှစတင်ထွက်ခွာပြီး
မြို့ပေါ်ရပ်ကွက်(၁၊ ၂၊ ၄၊ ၅)ရပ်ကွက်များရှိ ကယ်ဆယ်ရေးများ
အရောက်အပေါက်နည်းသော နေရာများသို့ရွေးချယ်ပြီး ဆန်၊ မာမား၊ ငါးသေတ္တာ၊
ရေသန့်များပါဝင်သော အထုပ်(၈၀၀)ကို ပါတီဝင်များမှ ရေဘေးသင့်ပြည်သူ များထံ
အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ထိုကဲ့သို့ လှူဒါန်းမှုသည် ပြီးပြည့်စုံသည့် လှူဒါန်းမှုတော့ဖြစ်လိမ့်မည် မဟုတ်ပါ။ လှူဒါန်းမှုများအတွက်ဝမ်းသာပီတိဖြစ်ရသော်လည်း
ကမ်းလင့်လာသောလက်တိုင်းကို မပေးဝေနိုင်မှုနှင့် အိုးအိမ်ပျက်စီးမှုတို့ကို
ကျွန်တော်တို့ မြင်တွေ့ခဲ့ရ၍ များစွာစိတ်မကောင်းဖြစ်ရပါသည်။
ထို့အတွက်ကြောင့် အလှူရှင်များအနေဖြင့် ရေဘေးသင့်ပြည်သူ များအား
ထပ်မံလှူဒါန်းကြပါရန် မြ၀တီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရိုသေလေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ယခုကဲ့သို့ ကျွန်တော်တို့အဖွဲ့ချုပ်မှ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းနိုင်ရန်အတွင် အဖက်ဖက်မှ အားပေးကူညီပေးခဲ့ကြသော အလှူရှင်မိဘပြည်သူများအား မြ၀တီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျေးဇူးအထူးတင်မိပါသည်။