Friday, August 9, 2013

ဒီမိုကရေစီ နိုင်ငံရေးသမားများအတွက် ဒေါ်အောင်ဆန်း
စုကြည်၏ ၈၈၈၈ ငွေရတု အခမ်းအနား မိန့် ခွန်း


ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိပြီလား ဆိုတော့ မရှိသေးပါဘူး.။ (ဩဘာသံများ)

ဒီနိုင်ငံမှာ တကယ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေး ရှိပြီလား ဆိုတော့လည်း မရှိသေးပါဘူး။ (ဩဘာသံများ)
 

ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးပြီလား ဆိုတော့လည်း စတောင် မစရသေးပါဘူး။ (ဩဘာသံများ)

ကျမတို့ ဒီပန်းတိုင်တွေရောက်အောင် သွားရပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ   လူတွေကလုပ်ထားတဲ့ အရာပါ။အဲ့ဒါကို ကျမတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုရင်ကျမတို့အသက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့စာတမ်းတခုကို ကြောက်နေရာ မရောက်ဘူးလား။ (ဩဘာသံများ)

ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အသက်ဟာ ပြည်သူလူထုရဲ့ လက်ခံယုံကြည်မှုပါဘဲ။
ပြည်သူလူထုရဲ့ လက်ခံယုံကြည်မှုမရှိရင် သက်မဲ့ တခုသာဖြစ်သွားပါလိမ့်မယ်။(ဩဘာသံများ)

ဒါ့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုမှာ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့

 ညီညီညွတ်ညွတ် လုပ်သွားဖို့ တိုက်တွန်းချင်ပါတယ်။ (ဩဘာသံများ)

ဒါပေမဲ့ တစ်သွေး တစ်သံ တစ်မိန့် ဆိုတာ ညီညွှတ်မှု မဟုတ်ပါဘူး။ ကျမတို့ မတူတဲ့သဘောတွေကို ညှိနှိုင်းဆောင်ရွက်ပါမယ်။


ဒေါ်အောင်ဆန်းစုကြည်