skip to main |
skip to sidebar
သမိုင်းကြောင်းနဲ့ ယှဉ်ရင်၂၅ နှစ်ဆိုတာ သိပ်ကြာလှတာမဟုတ်တဲ့ အတွက်
ကျွန်မအနေနဲ့ မပြီးဆုံးသေးတဲ့ အရေးတော်ပုံ တစ်ခုကို ဆက်လက်
ဆင်နွဲနေတယ်လို့ပဲ သဘောထားပါတယ်။
ဒီမိုကရေစီရဲ့အရသာကို မြည်းစမ်းကြည့်ခွင့်ရရုံနဲ့ ၈၈ အရေးတော်ပုံမှာ အသက်တွေ၊ဘ၀တွေ
စည်းစိမ်ဥစ္စာတွေ၊ ရာထူးနန္တရတွေ၊ အခွင့်အလမ်းတွေ အဆုံးရှုံးခံခဲ့တဲ့သူတွေအပေါ် တာဝန်ကျေ ပြီလို့ မပြောနိုင်သေးပါဘူး။ကျွန်မတို့ လိုချင်တဲ့စနစ်၊လူ့ဘောင်၊ပြည်ထောင်စုကို တည်ဆောက်ဖို့ အခွင့်အရေးရမယ် ကြံရုံရှိသေးတယ်လို့ပဲ ပြောနိုင်မှာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ငွေရတုကနေ ရွေရတုမတိုင်မီ ကျွန်မတို့ စိုက်ခဲ့သမျှ
နောင်လာနောက်သားများ ရိတ်သိမ်းခွင့်ရဖို့ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ အများက
အထင်မကြီးတောင် အထင်သေးမခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့၊ ကျွန်မတို့
တိုင်းရင်းသားပြည်သူလူထုအားလုံး တကယ်လွတ်လပ်ပြီး ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ခွင့်၊ အခွင့်အလမ်းတွေ စစ်စစ်မှန်မှန် ရရှိခံစားနိုင်ဖို့ ဆက်လက်ကြိုးစားကြရပါဦးမယ်။
ကျွန်မလည်း လွန်ခဲ့တဲ့ ၂၅နှစ်က ယူခဲ့တဲ့ တာဝန်တွေ ပြီးပြတ်ကျေပွန်အောင် ဆက်လက် ကြိုးစားပါဦးမယ်။
Daw Aung San Suu Kyi
MMK