Thursday, August 1, 2013

၈လေးလုံး လူထုအုံကြွမှုကြီးတွင် ကျဆုံးသွားသူများကို မမေ့အပ်ပေ


(၈)လေးလုံးအရေးတော်ပုံကြီးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတရပ်လုံးက တစ်ပါတီ
အာဏာရှင်စနစ်အား လူထု လူတန်းစား အလွှာပေါင်းစုံမှ စည်းလုံးညီညွတ်သောအင်အားဖြင့် တက်တက်ကြွကြွ  ပူးပေါင်းပါဝင်ပြီး အာဏာရှင် အဆက်ဆက် ဖြိုလှဲပြီး ဒီမိုကရေစီနဲ့ 
လူ့ အခွင့်အရေးများကို တောင်းဆိုခဲ့သော အာဏာရှင်တော်လှန်ရေးနေ့  ဖြစ်သည်။

 ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့သည် မြန်မာနိုင်တွင် (၈)လေးလုံး ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရှစ်လေးလုံးအောင်းမေ့ဖွယ် အခမ်းအနားကို
စည်းကားသိက်မြိုက်စွာ ပထမဆုံးကျင်းပနိုင်မည့် နှစ်တနှစ်ဖြစ်လာနိုင်ဖွယ်ရှိသည်။

(၈)လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီးတွင် မ၀င်းမော်ဦး အပါအ၀င် ကျောင်းသား ပြည်သူ
ရဟန်းရှင်လူ ပြည်သူများစွာ အသက်ပေးခဲ့ရသည်။ ဒီမိုကရေစီအခွင့်အရေးအတွက် ကိုဖုံးမော်၊
ကိုစိုးနိုင်နှင့် ကျောင်းသားများ ကျဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတ၀ှမ်း လှည်းနေလှေအောင်မြင်းစောင်း
မကျန် အမြို့ မြို့  အနယ်နယ်တွင် အာဏာရှင်ကို  တော်လှန်ခဲ့သောကြောင့်သမိုင်းဝင် ၈လေးလုံး
အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသည်။

၈ လေးလုံးအရေးတော်ပုံမှ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်
သင့်မြတ်ရေး၊လူ့ အခွင့်အရေး၊ စစ်မှန်သောဒီမိုကရေစီရရှိရေးတို့ အတွက် အမျိုးသားရေးစိတ်ဓါတ်
ဖြင့် တိုက်ပွဲဝင်ခဲ့ကြသောရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ ၏ အသက်ပေါင်းများစွာကို
 ပေးဆပ်ခဲ့ရသောနေ့ တနေ့  ဖြစ်သောကြောင့် ပြည်သူလူထုတရပ်လုံးမှ မမေ့အပ်သောနေ့ 
တနေ့ ဖြစ်သည်။ ယနေ့ ရောက်ရှိနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသည် ဒီမိုကရေစီရရှိရေးကြိုးပမ်းခဲ့သော သမိုင်းဝင် ၈ လေးလုံးနေ့ ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။
တိုင်းပြည်ကို ဒီမိုကရေစီစနစ်ပြောင်းလဲရန် ပြည်သူတရပ်လုံးက တောင်းဆိုခဲ့သောကြောင့် စစ်တပ်မှ
ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပြီး ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့  အသက်ပေး
စတေးခဲ့ရသော အာဏာရှင်တော်လှန်ရေးနေ့  ဖြစ်ခဲ့ရကာ ဒီမိုကရေစီ၏ အလင်းရောင်လမ်းစ
ဖြစ်သော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့  တက်လာနေပြီး ဆက်လက်ပြောင်းလဲရန်အတွက်
အာဏာရှင်ကို ဖယ်ရှာနိုင်မှသာ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့  တက်လှမ်းနိုင်မည်
ဖြစ်ပေသည်။

ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ အား နိုင်ငံနှင့်
ပြည်သူများမှ အမြို့ မြို့ အနယ်နယ်တွင် ၂၅ နှစ်မြောက် အထိမ်းအမှတ် ဆွမ်းကပ်ခြင်း၊ဟောပြော
ခြင်း အောင်မေ့ဘွယ်အခမ်းအနားများဖြင့် ဂုဏ်ပြု သင့်ပေသည်။