တက်ရောက်လာသူများ
ရွှေည၀ါဆရာတော်ဘုရားနှင့် သံဃာတော်များတက်ရောက်
ကိုမင်းကိုနိုင် မှ အဖွင့်စကား ပြောကြားစဉ်
အဖွဲ့ ချုပ် နာယက ဦးတင်ဦးတက်ရောက်
ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ
၂၀၁၃-၈-၆
မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သည့် သမိုင်းဝင် ရှစ်လေးလုံးလူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့ က တညီတညွတ်တည်း အာဏာရှင်တွေကို တော်လှန်ခဲ့သောနေ့ ဖြစ်ပြီး ဒီမိုကရေစီတောင်းဆိုခဲ့သောနေ့ တနေ့ ဖြစ်ခဲ့သည်။ထိုလူထုအုံကြွမှုကြီးတွင် အနယ်နယ်အရပ်ရပ်မှ တနိုင်ငံလုံး ပူးပေါင်းပါဝင်ကြသော တော်လှန်ရေးကြီးဖြစ်ပြီး စစ်တပ်မှပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့  အသက်ပေး၍ တော်လှန်ခဲ့သော ဒီမိုကရေစီတိုက်ပွဲအဖြစ် ထင်ရှားခဲ့ရလေသည်။စစ်တပ်မှ ၁၉၆၂ အာဏာသိမ်း၍ တပါတီအာဏာရှင်စနစ်ဖြင့် ၂၆ နှစ် ကြာအုပ်ချုပ်ခဲ့ပြီး၊၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်လာကာ ဒီမိုကရေစီတိုက်ပွဲစတင်ခဲ့ရာ ၁၉၈၈ ခုနှစ် ၉ လပိုင်း ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းယူကာ ဆက်လက်အမွေဆက်ခံခဲ့သည်။ယနေ့ အချိန်ဆိုရင် ၂၅ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် အာဏာရှင်တို့ ၏ လက်အောက်မှမလွတ်မြောက်နိုင်သေးပေ၊ ဥပဒေစိုးမိုးမှုမရှိခြင်း၊ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးခြင်း၊စီပွားရေး၊ပညာရေး၊လူမှုရေး စသည်တို့ သည် လွတ်လပ်မှု မရှိသေးဘဲ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (စည်းကမ်း=လိုက်နာရန်စည်းမျဉ်း)များဖြင့် ပြည်သူများကို ၂၀၀၈ အခြေခံဥပဒေဖြင့် ထိမ်းချုပ်ထားသည်။ အာဏာရှင်တို့ ၏ ရည်ရွယ်ချက်သည် စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းမဟုတ် အတုအယောင် ဒီမိုကရေစီသာဖြစ်ပြီး အရင်အာဏာရှင်စနစ်သည် ဒီမိုကရေစီကိုဆန့် ကျင်ပြီး အသွင်ကူးပြောင်း အာဏာရှင်တို့ သည် ဒီမိုကရေစီကို ပူးပေါင်းသောနည်ဖြင့် ချည်းကပ်ပြီး ထိမ်းချုပ်ရန်ကြိုးစားကာ မိမိတို့ ၏ ရပ်တည်ရေး၊နေသာထိုင်သာချောင်အောင် အပြုသဘောဆောင်ရွက်ခြင်းဖြစ်သည်။ ဥပမာ ရှစ်လေးလုံးငွေရတုအခမ်းအနား ပူးပေါင်းပါဝင်ပြီး ငွေရတုမှသည် စိန်ရတုအထိ ပူးပေါင်းကူညီ ကာ လုပ်ဆောင်ခွင့်များပေးခြင်း၊ဆန္ဒပြခွင့်ကို ပေးထားပြီး ဥပဒေအတိုင်းဆောင်ရွက်ခိုင်းသည်။ ဥပဒေအရ လျှောက်ထားခွင့် တောင်းဆိုရာတွင် လုံခြုံရေးအကြောင်းပြ ပယ်ချပြန်သည်။ ထိုနည်းတူစွာ ပြဿနာအခက်အခဲများကို လွှတ်တော်သို့ တင်သွင်းဆွေးနွေး ရမည်ဟုဆိုသည် တင်သွင်းသော်လည်း ပြေလည်မှုမရရှိပေ။ အမြို့ မြို့ အနယ်နယ်တွင် လွတ်လပ်မှုမရှိ လူ့ အခွင့်အရေး များဆုံးရှုံးနေရပြီး တောင်းဆိုဆန္ဒပြမှုများ ဖြင့်သာ အချိန်ကုန်နေရသည်။အာဏာရှင်တို့ ၏ လှည့်ကွက်ဖြစ်သည်။
ထိုလမ်းကြောင်းဖြင့် အချိန်စွဲကာ အာဏာရှင်များရပ်တည်နိုင်ရေးအတွက် ပူးပေါင်းကာလုပ်ဆောင်လာ နေသည်ကိုတွေ့ မြင်ရပြီး စစ်မှန်သောဒီမိုကရေစီလမ်းကို သွေဖီလျှက်ရှိနေသည်။ဒီမိုကရေစီစံနှုန်း များနှင့် မညီညွတ်သော ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ဖိအားပေးဖို့ လိုအပ်လာသည်။ဥပဒေ စိုးမိုးမှုမရှိဘဲ မဏ္ဍိုင်ကြီး ၃ ရပ်ကို အပြန်အလှန် ထိမ်းညှိနိုင်ရန်မရနိုင်ပေ၊ပြည်သူပြည်သားများ၏ အကျိုးစီးပွားကိုလည်း ဥပဒေကအကာအကွယ်မပေးနိုင်ပေ၊ထို့ ကြောင့် ၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်မှ တဘက်သတ်ရေးဆွဲခဲ့သောကြောင့် မတရားသော ဥပဒေများကို ပြည်သူတရပ်လုံးက လက်ခံပေ။တဆင့်ပြီးတဆင့် ပြန်လည်ပြင်ဆင်မှသာ ဥပဒေစိုးမိုးမှု ရရှိနိုင်မည်ဖြစ်သည်။
ထိုနည်တူစွာ ဒီမိုကရေစီအတုအယောင်ကိုလက်မခံနိုင်ပေ စစ်မှန်သောဒီမိုကရေစီနိုင်ငံထူထောင်ရန် အတွက် ဒီမိုကရေစီအင်အားစုများ ညီညွတ်ဖို့ လိုသည်။ဒီမိုကရေစီအင်အားစုများ၏ ဘုံသဘော တူညီမှုသည် အာဏာရှင်စနစ်ဖြုတ်ချရေး၊စစ်မှန်သောဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဖြစ်သော ကြောင့် လက်တွေ့ အကောင်အထည်ဖေါ်နိုင်မည့်ကိစ္စသည် ၂၀၁၅ ဖြစ်လာပေလိမ့်မည်။အာဏာရှင် သက်စိုးရှည်ပြီး အဖိနှိပ့်ခံဘ၀ကိုနှစ်သက်သလား၊စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့  ပြည်သူတွေလွတ်လပ်မှု ကို ရယူမလား ဒီလမ်းနှစ်လမ်းကိုသာရွေးချယ်ရမည့် အချိန်နီးကပ်လာနေပြီဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးနှင့် လွတ်လပ်ပြီး လူ့ အခွင့်အရေး အပြည့်အ၀ ရရှိစေရန် ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားများ၏ တာဝန်သာဖြစ်သည်ဟု ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ်နေ့ တွင် တင်ပြလိုက်ရပါသည်။
မြသိန်း