Friday, August 2, 2013

ပြည်တွင်း ပြည်ပနဲ့  နိုင်ငံတကာမှ ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ 
တောင်းဆိုသံတွေ ကျယ်လောင်လာနေ


 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်ဖို့ နဲ့  စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူတွေကို သူသမ္မတ   ဖြစ်ချင်ကြောင်းပြောကြားထား ပါတယ်။ဒါဟာ ပြည်သူတွေကို လေးစားသည့်အနေဖြင့် ပွင့်လင်း
ရိုးသားစွာ မိမိ၏ဆန္ဒကိုထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲဝင်မည့် ပါတီမှရွေးချယ်ခံထားရသူက မဲဆွယ်ပွဲမှာပြောလေ့ပြောထရှိပါတယ်။ သမ္မတ ဖြစ်ချင်တာဟာ ကိုယ်ယုံကြည်တဲ့ မူဝါဒတွေကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့  သမ္မတ ဖြစ်ချင်တယ်လို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ထိုနည်းတူစွာဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ အတွက် ၂၀၀၈ အခြေခံဥပဒေမှာ တားမြစ်
ထားတာတွေကို ဖယ်ရှားနိုင်ဖို့  မတရားတဲ့ ပိတ်ပင်တားဆီးမှုတွေ၊ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့
 ဥပဒေတွေ၊တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေး၊လူ့ အခွင့်အရေးနဲ့  အလွန်အကျွန်အာဏာသုံးစွဲ
မှု ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ အတွက် ၂၀၀၈  အခြေခံဥပဒေပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်
မှ ပြင်ဆင်ဖို့ ဆန္ဒရှိတယ်ဆိုရင် တလအတွင်းပြင်ဆင်နိုင်တယ်လို့  ထုတ်ပေါ်ပြောဆိုထားပါတယ်။

 အမေရိကန်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြောင်းပြောရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စက မပါမဖြစ်ပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတယ်
လို့ အမေရိကန်ပြည်ထောင်စုက မြင်ပါတယ်။"အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကနေ မြန်မာလူထု
အနေနဲ့ သူတို့ကြိုက်တဲ့လူကို သမ္မတအဖြစ် တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု မျိုးရဖို့ သေချာစေရေးဟာ အရေးကြီးတယ်။အဲဒါဟာ အားလုံးပါဝင်တဲ့   နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပေါ်ရေးကိုရော လူ့အခွင့်အရေး
ကို ထာဝရ အကာအကွယ်ပေးရေးကိုပါ အာမခံချက်ပေးပါတယ်။" လို့ မစ္စတာရို့ဒ်စ်က ပြောခဲ့ပါတယ်။



အင်င်္ဂလန်
“ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီကို တားဆီးနှောင့်ယှက်နေမယ်ဆိုရင် အသွင်ကူးပြောင်းရေး
အတွက် အတားအဆီး အနှောင့်အယှက်ဖြစ်မှာပဲ။ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများ
ရဲ့ အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်၊ တိုင်းရင်းသား ပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဆောတလျဉ် ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့်မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံတကာ အသိုင်းအ၀န်းမှာ လှောင်ရယ်စရာတခု ဖြစ်ပါလိမ့်မယ်” ဟု Mr.John Bercow 
က ဆိုသည်။

ၾသစေၾတးလ်
အခုတလော ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ အသံတွေ ထွက်ပေါ်လာတာနဲ့ အတူ၊မြန်မာပြည်တွင်းမှာ လည်း ပြင်ဆင်ဖို့ ကြိုးစားရန် ပြည်သူတွေကို နိုးဆော်တဲ့အသံတွေလဲ ဆူညံလာတာကို 
တွေ့ ရပါတယ်။လူထုခေါင်းဆောင်ကတော့ သူသမ္မတ လုပ်ချင်တာဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်စေ
ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး မဏ္ဍိုင်ပေါ်ထွန်းလာစေဖို့    နောက်ကြောင်းပြန်မဲ့ အာဏာရှင်အုပ်ချုပ်ရေး ပြန်မရောက်သွားစေဖို့  အတိတ်ကဖြစ်ခဲ့တာတွေကို သခန်းစာယူပြီး (အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ တိုင်းရင်းသားတွေအပါအဝင် တပ်မတော်နဲ့ပါ အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်ရမယ်လို့လည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။)  
အခြေခံ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရေး ပြင်ဆင် ရန် လိုအပ်သည့် ပုဒ်မ          များကို မပြင်ဆင်လျှင် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီများ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Ms.Janelle Saffin က ပြောကြား                  ထားသည်။
နိုင်ငံတကာကလည်း  ၂၀၀၈ အခြေခံဥပဒေပြင်ဖို့  တောင်းဆိုတဲ့အသံတွေကြားလာရပါတယ်။အနောက်
နိုင်ငံတွေကတော့ စီပွားရေးပိတ်ဆို့ မှုတွေကို ဖွင့်ပေးလိုက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာ
သလို ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ လူသားချင်းစာနာတဲ့ အကူအညီတွေ သန်း
ပေါင်းများစွာ ကူညီနေတာကို တွေ့ ရပါတယ်။ထိုနည်းတူစွာဘဲ နှစ်နိုင်ငံ သံတမာန်ဆက်ဆံရေးတွေ
လည်း ပြန်စလာနေချိန်မှာ ယခုလို အသံတွေထွက်ပေါ်လာတာဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ
အားကောင်းလာစေဖို့  အခွင့်အလမ်းဖြစ်တယ်ဆိုတာ ပြည်သူတွေ သတိချပ်ဖို့ လိုပါတယ်။
နိုင်ငံတကာရဲ့ တွန်းအားဟာ  ပြည်သူ့ တွေရဲ့ ခွန်အားဖြစ်စေရန် အာဏာသည်ပြည်သူ့ ထံမှ ဆင်းသက် ရမည်ဆိုတဲ့ ဒီမိုကရေစီစံနှုန်နဲ့ အညီ ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေက လာမည့် ၂၀၁၅ အတွက် 
စစ်မှန်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရပေါ်ပေါက်ရေးအတွက် အခြေခံကြတဲ့ စစ်တပ်ကမတရားရေးဆွဲ
ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဖို့  အချိန်ကြရောက်လာနေပြီဆိုတာ ပြည်သူတွေ သတိကြီးစွာထား
ဆောင်ရွက်ကြဖို့  တိုက်တွန်းလိုက်ရပါတယ်။