Saturday, July 27, 2013

ယူကေ စစ်သံမှူး အဖွဲ့ ချုပ်နာယကနှင့်တွေ့ ဆုံ တပ်မတော်သားများ လူ့ အခွင့်အရေးခံစားနိုင်ရေး တိုက်တွန်း

၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးထံသို့ ဗြိတိသျှ စစ်သံမှူး ကလာရောက်တွေ့ဆုံနှုတ်ဆက်ပြီး ဗြိတိသျှခေတ် မြန်မာ့တပ်မတော်အကြောင်း၊လွတ်လပ်ပြီး   ခေတ် တပ်မတော်သားများ အခြေအနေနှင့် လက်ရှိတပ်မတော်အပေါ် စစ်သေနာပတိချုပ်ဟောင်း တစ်ယောက်အနေဖြင့် နာယကဦးတင်ဦး၏ သဘောထားကိုမေးမြန်းဆွေးနွေးခဲ့သည်။

ထို့ နောက် ဗြိတိသျှစစ်သံမှူး က ဘဘဦးတင်ဦးအား ဗိုလ်ချုပ်ဟု လေးစားသမှုဖြင့်ခေါ်ဝေါ်ခဲ့သည်ကို ဘဘဦးတင်ဦးက ယခု ၄င်းသည် ဦးတင်ဦးဖြစ်နေပြီဖြစ်သဖြင့် ဗိုလ်ချုပ်ဟု မခေါ်ပါရန်မေတ္တာ ရပ်ခံခဲ့ သည်။

ဗြိတိသျှစစ်သံမှူး (Group captain Clive Coombes)က ဦးတင်ဦးသာ ယခုလက်ရှိ တပ်မတော် စစ်ဦးစီးချုပ်ဖြစ်နေပြီး၊ သူလို ဗြိတိသျှစစ်သံမှူး ထံက မည်သည့်အကူအညီမျိုးကို တောင်းခံမည်            လည်းဟုမေးမြန်းရာ၊ဘဘဦးတင်ဦးကယနေ့ တပ်မတော်သားများသည် ဗြူရိုကရက်ကြိုးနီစနစ်ဧ။်         ဒဏ်ကိုခံစားနေရဆဲဖြစ်ကြောင်း၊ တပ်မတော်သားအများစုမှာ တပ်မတော်တာဝန်နှင့် တိုင်းပြည် တာဝန်များကို ထမ်းဆောင်နေ ရသော်လည်း။ ရာထူးအခွင့်အလမ်းများရရှိရန် အင်မတန်                       ခက်ခဲနေ ကြောင်း၊ ယနေ့ တပ်မတော်သားအများစုမှာ အင်္ဂလိပ်စာ နှင့် တရုတ်စာကို သင်ကြားချင်ကြမှာ ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့်စစ်ရေးဗျူဟာများကို သင်ကြားခွင့်ရရန်အရေးကြီး   သည်မှာ မှန်ကန်ကြောင်း၊ သို့ သော်အရေးအကြီးဆုံးမှာ တပ်မတော်သားများ တပ်မတော်အတွင်းတွင် လူ့ အခွင့်အရေးများ ခံစားနိုင်ခွင့်ရရေး၊ မည်သည့်တပ်မတော်သားမဆို ရာထူးတက်ရန် အခွင့်အလမ်းကောင်းများ ညီတူမျှတူရရှိနိုင်ရေးမှာ တပ်မတော်သားများအတွက် အရေး တကြီးလိုအပ်ချက်ဖြစ်ကြောင်း။ အထက်ပါအချက်များကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး၊ ယူကေ အနေနှင့် လက်ရှိတပ်မတော်နှင့် ဆက်သွယ်ဆောင်ရွက်နေ

သည်များရှိလျှင်အထက်ပါကိစ္စများကို အလေးပေးဆောင်ရွက်သင့်ကြောင်း ယနေ့ မြန်မာ့တပ်မတော်   ခေါင်းဆောင်များကို တိုက်တွန်းသင့်ကြောင်း၊ မိမိအနေနှင့်မှုအကူအညီအထွေအထူးမလိုကြောင်း   ပြောကြားခဲ့သည်။

ဗြိတိသျှစစ်သံမှူး(Group captain Clive Coombes)က ယခုအခါ ယူကေ နှင့်မြန်မာနိုင်ငံတို့ သည် စစ်ရေးပူးပေါင်းလေ့ ကျင့်မှုများပြုလုပ်ကြမည်ဖြစ်ပြီး၊ အဆိုပါကိစ္စရပ်များကို ဗြိတိသျှတို့  အနေဖြင့်   မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံတည်း ပြုလုပ်လျှင်ကောင်းမည်လား(သို့ )အခြားနိုင်ငံများ ဥပမာ-အမေရိကန် တို့ နှင့်ပါပူးပေါင်းဆောင်ရွက်လျှင် ကောင်းမည်လားဟုမေးမြန်းရာ ဘဘဦးတင်ဦးက ယနေ့ တပ်မတော်ဧ။်  အမြင်မှာ အရေးကြီးကြောင်း၊ လက်တွေ့ လုပ်ကိုင်နေကြသူများ ဖြစ်သဖြင့်၊ မည်သည့်ပုံစံက တပ်မတော်သားများကို အကောင်းဆုံးအကျိုးပြုနိုင်မည်ဆိုသည်ကို တပ်မတော်သားများကသာ သိမည်ဖြစ်ကြောင်း၊ မည်သူနှင့်ပဲ သင်တန်းတွေလုပ်လုပ်၊ စစ်ရေးလေ့ကျင့်မှုပြုလုပ်လုပ်၊လာရောက် ကူညီလုပ်ကိုင်သည့် နိုင်ငံများမှ ခေါင်းဆောင်များက မြန်မာ့ တပ်မတော်သားများဧ။် ဘ၀အခြေအနေနှင့် ပညာရေးအခြေအနေများကို အမှန်အတိုင်းသိမြင်နိုင်အောင်ကြိုးစားပြီး၊ အောက်ခြေ တပ်မတော်         သားများဧ။် အခြေအနေကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးမှ၊ ပြည်သူလူထုကို အလေးထားသည့် အရည်အသွေးပြည့်ဝသည့် တပ်မတော်ခေါင်းဆောင်များပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။