ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏
ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ရောက်ရှိနေသော ဗြိတိန် အောင်လွှတ်တော်ဥက္ကဌ
မစ္စတာဂျွန်ဘာကိုနှင့် အဖွဲ့ကို နေပြည်တော် ဇမ္ဗူသီရိ ခန်းမဆောင်
တွင် ယနေ့မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဌ ဦးနန္ဒ
ကျော်စွာတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊
သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ကျောက်ပန်းတောင်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်၊ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာတင်မာအောင် နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ခဲ့ကြသည်။