ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (၇၇) နှစ်ပြည့်အထိမ်းအမှတ် ဗကသမျိုးဆက်အသီးသီးတွေ
့ဆုံပွဲ ကို ယနေ့ ၂၀၁၃ ခုနှစ်၊ မေ (၁၀) ရက် ၊ စိတ်တိုင်းကျ(တောင်ဥက္ကလာ)
လက်ဖက်ရည်ဆိုင် ခန်းမဆောင်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ခေတ်အဆက်ဆက် ဗကသမျိုးဆက်အသီးသီးမှ ခန့်မှန်းခြေ အယောက်(၃၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် မသင်ဇာခိုင်နှင့် ကိုနန္ဒာစစ်အောင်တို့  ကဆောင်ရွက်ခဲ့ကြပြီး ဗကသ အလံတော် နှင့် လွပ်လပ်ရေး၊ဒီမိုကရေဒီရေး တိုက်ပွဲအသီးသီးတွင် ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အပေါင်းတို့ အားအလေးပြု၍အခမ်းအနားဖွင့်

လှစ် ခဲ့သည်။
ထို့ နောက် ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဌ ကိုကျော်ကိုကို
ကတွေ့ ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပြီး
တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်
က ဗကသများအဖွဲ
့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ )၏ သဝဏ်လွှာ ကိုဖတ်ကြားခဲ့သည်။
ထို့ နောက် ဗကသ မျိုးဆက်အသီးသီး ဆွေးနွေးပွဲ စတင်ခဲ့ရာ ၁၉၅၀ မှ ၁၉၆၀ ကြားကျောင်းသားခေါင်းဆောင် ဘဏ်ဦးအုန်းမောင်၊ ဦးဖေအောင်၊ ဦးလေးမြင့် တို့ ကစတင်ဆွေးနွေး

ခဲ့ပြီး ၁၉၆၀ နှင့် ၁၉၇၀ ကြား ကျောင်းသားခေါင်းဆောင်
ဦးသာဘန်းနှင့် ဦးလှရွှေ တို့ ကဆွေးနွေးခဲ့ကြသည်။
၁၉၇၀ နှင့် ၁၉၈၀ ကြားကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော် ၊ဦးလှစော ၊ဦးကိုလေး(သဘင်)တို့ ကလည်းဆွေးနွေးခဲ့ကြသည်။
၁၉၈၀ မှ ၁၉၉၀ ကြားကျောင်းသားခေါင်းဆောင် ကို ကိုကိုကြီး ၊ ကိုညိုထွန်း၊ကိုအောင်ထွန်းတို့  အသီးသီးကလည်းဆွေးနွေးခဲ့ကြပြီး ၁၉၉၀ မှ ၂၀၀၀ ကြားကျောင်းသားဆောင် ကိုစန်းဇော်ထွေး၊ မနီလာသိန်း၊ ကိုမျိုးမင်းဇော်တို့ ကလည်းဆွေးနွေးခဲ့ကြသည်။
၂၀၀၀ မှ ၂၀၁၀ ကြားကျောင်းသားလှုပ်ရှားမှုများနှ င့်ပတ်သတ်၍
ကိုနန္ဒာစစ်အောင် ၊ကိုကျော်ကိုကို ၊ကိုစည်သူမောင် ၊ကိုဒီငြိမ်းလင်း၊
ကိုအောင်အောင်ကျော် ၊ကိုမင်းသွေးသစ် တို့ ကဆွေးနွေးခဲ့ကြပြီး
နောက်ဆုံးအစီအစဉ်အဖြစ် ကျောင်းသားများက သိလို ရာ ၊ဆွေးနွေးလို ရာများကို
မေးမြန်းဆွေးနွေးခဲ့ကြရာ ခေတ်အဆက်ဆက် ဗကသ တာဝန်ရှိသူများ
ကပြန်လည်ဖြေကြားခဲ့ကြ ပြီး ၊ ဗကသမျိုးဆက် အသီးသီး ၏ တွေ့ဆုံပွဲ
အောင်မြင်စွာပြီးဆုံးခဲ့ပါ
၁၉၇၀ နှင့် ၁၉၈၀ ကြားကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော် ၊ဦးလှစော ၊ဦးကိုလေး(သဘင်)တို့ ကလည်းဆွေးနွေးခဲ့ကြသည်။
၁၉၈၀ မှ ၁၉၉၀ ကြားကျောင်းသားခေါင်းဆောင် ကို ကိုကိုကြီး ၊ ကိုညိုထွန်း၊ကိုအောင်ထွန်းတို့  အသီးသီးကလည်းဆွေးနွေးခဲ့ကြပြီး ၁၉၉၀ မှ ၂၀၀၀ ကြားကျောင်းသားဆောင် ကိုစန်းဇော်ထွေး၊ မနီလာသိန်း၊ ကိုမျိုးမင်းဇော်တို့ ကလည်းဆွေးနွေးခဲ့ကြသည်။
၂၀၀၀ မှ ၂၀၁၀ ကြားကျောင်းသားလှုပ်ရှားမှုများနှ
သည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)