Friday, July 5, 2013

လွတ်လပ်သော တက္ကသိုလ် ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း


လွတ်လပ်ခိုင်မာသော တက္ကသိုလ်ဥပဒေ တစ်ခုပြဋ္ဌန်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ပြုလုပ်သော Empowering Higher Education ဆွေးနွေးပွဲတွင် ၎င်း၏ ပြောကြားချက်မှ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ၁၉၇၄ ဥပဒေအားပယ်ဖျက်နိုင်ရန် (သို့) လွတ်လပ်သော တက္ကသိုလ်အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ မူကြမ်းထွက်ရှိလာပါက ပြည်သူများအားထုတ်ပြန်၍ ပြင်ဆင်ခွင့်၊ ဆွေးနွေးခွင့်များလည်း
 ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ဓါတ်ပုံ BAN NY