skip to main |
skip to sidebar
အမေရိကန်နိုင်ငံမှာ Hillary
Clinton ကတော့ ၂၀၁၆သမ္မတ ရွေးကောက်ပွဲအတွက် အမျိုးသမီးသမ္မတ ရွေးချယ်ခံဖို့  အဆင်သင့်ဖြစ်နေပြီး ပထဦးဆုံး အမျိုးသမီး အမေရိကန်သမ္မတ ဖြစ်ဖို့ အဆင်သင့်ပါ။ သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့ တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်
အရှေ့ အလယ်ပိုင်း လူထုအုံကြွမှုများ ၊ ဥရောပ ကြွေးမြီပြဿနာ ၊ တရုတ်စစ်ရေးတိုးမြှင့်မှု ၊ အာရှ အလယ်ပိုင်း အကြမ်းဖက် အုပ်စုများကို နှိမ်နှင်းခြင်းစသည့် ကမ္ဘာ့ နိုင်ငံရေး ပြဿနာများကို ထိရောက်စွာ စီမံဆောင် ရွက်နိုင်ခဲ့သော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်သည်။ဖြစ်နိုင်ပါတယ် သူဝန်ကြီးချုပ်ဘ၀မှာ အထက်မျက်ဆုံး အမျိုးသမီးဖြစ်ပြီး တိုင်းပြည်ရဲ့ အကြီးဆုံး တာဝန်တွေကို လေယဉ်ပေါ်မှာ နေထိုင်လုပ်ကိုင်ခဲ့ဘူးပါတယ်။အမေရိကန်နိုင်ငံ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းမှ ၂၀၁၆ သမ္မတလောင်းအတွက် လေ့လာရေးစစ်တမ်းတွေ ထုတ်ပြီးပြင် ဆင်နေတာတွေ့ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီမိုကရေစီစံနှုန်းမပြည်ဝတဲ့ ၂၀၀၈ ဥပဒေကြောင့် လူ့ အခွင့်အရေး အမျိုးသမီးအခွင့်အရေးတွေ မြန်မာနိုင်ငံမှာဆုံးရုံးနေရပါတယ်။ စစ်တပ်က အမျိုးသမီးများကို ခွဲခြားဆက်ဆံလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပါပြီ၊၂၁ ရာစုမှာ နိုင်ငံတော်တော်များများ အမျိုးသမီး သမ္မတတွေ ပေါ်ထွန်လာနေပါတယ်။မြန်မာနိုင်ငံက ၂၀၀၈ ဥပဒေဟာ လူသားဇစ်မြစ် ရှင်သန်ရပ် တည်ရေးကို အကာအကွယ်မပေးသလို၊ လူ့ အခွင့်အရေးကိုလည်း ချိုးဖေါက်လျှက်ရှိနေပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ်ဦးတည်ဖို့ ဆိုရင် အခြေခံကျတဲ့ လူ့ အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုပါတယ်။ဥပဒေက နိုင်ငံနှင့်သားတွေ ဖွံ့ ဖြိုးတိုးတက်မှုအတွက် တားဆီးပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တားဆီးပိတ်ပင်ထားတာတွေ ရှိနေပါတယ်။ပြည်သူများ အတွက် အကျိုးမပြုသောဥပဒေတွေကို ပြန်လည်ပြင်ဆင်မှသာ တိုင်းပြည်ဟာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းလာနိုင်မှဖြစ်ပါတယ်။မြန်မာနိုင်ငံမှတော့ သမ္မတ အရည်အချင်းနဲ့ ပြည့်စုံ တဲ့ စစ်တမ်းတွေ ကောက်ယူဖို့ ပြင်ဆင်နေတာ မတွေ့ ရသေးပါဘူး။
သမ္မတ ဦးသိန်းစိန်အစိုးရကတော့ ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေကို ပြင်ဆင်ဖို့  ကော်မတီတရပ်ဖွဲ့ စည်းထားပြီး မည်သည့် ဥပဒေတွေကို ပြင်ဆင်မယ်ဆိုတာ တိတိကျကျ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။စောင့်ကြည့် ရမည့်သဘောပါ။ပြည်သူတွေကတော့ ၂၀၀၈ ဥပဒေကို မည်သို့ ပြင်ဆင်ပေးမည်ကို အကဲခတ်လေ့လာ နေကြပါတယ်။ပွင့်လင်း မှန်ကန် ရိုးသားမှုမရှိဘူးဆိုရင် တောင်းဆိုကြဖို့  တာဆူလျှက်ရှိနေကြောင်း အင်တာနက်စာမျက်နှာပေါ်တွေမှာ တွေ့ ရှိရပါတယ်။