Wednesday, July 3, 2013

၇ ဇူလိုင် (၅၁)နှစ်ပြည့်



လာမည့် ဇူလိုင်လ (ရ)ရက်နေ့ ဟာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုဖြိုခွဲ ဖျက်စီးခံခဲ့ရတာ

(၅၁)နှစ် ပြည့်ပါပြီ ကျောင်းသားသမဂ္ဂ ရဲ့ တရားဝင်မှုကို အစိုးရအဆက်ဆက်ငြင်းပယ်ခဲ့တာလည်း(၅၁)နှစ်ရှိပါပြီဗျာ။ ဒီနေ့ ခေတ်လို လွတ်တော်နိုင်ငံရေးပေါ်ပေါက်လာတဲ့ကာလာမှာ အစိုးရ ကငြင်းပယ်ထားတဲ့ကျောင်းသား လှုပ်ရှားမှုရဲ့ အခန်းကဏ္ဍဟာဆက်လက်ပြီးအရေးပါပါသေးရဲ့ လား။
တစ်ကယ်တော့ ကျောင်းသား သမဂ္ဂပေါ်ထွက်လားခြင်းဟာ ခေတ်ရဲ့ တောင်းဆိုချက် သမိုင်း ရဲ့ တောင်းဆိုချက် ပြည့်သူတွေရဲ့ တောင်းဆိုချက်အရပေါ်လာတာပါ …။အင်္ဂလိပ် အစိုးရကို ဆန့်ကျင်တဲ့ အတွက် နိုင်ငံရေးအသွင်ဆောင်တယ်လို့  ပြောလို့ ရပါတယ်။
ဘယ်ခေတ်ကျောင်းသားပဲဖြစ်ဖြစ် အဓိကလုပ်ရမှာက ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးပါ။

ကျောင်းသားသမဂ္ဂကို ၁၉၃၆ ခုနှစ်မှစတင်ဖွဲ့ စည်းခဲ့ပါတယ် ။ ၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ ၏နောက်ဆုံးနှစ်ပါ။ကျောင်းသားသမဂ္ဂ အဆောက်အဦကို အစိုးရက ၁၉၆၂ ခုနှစ်( ဇူလိုင် ရ )ရက်နေ့  မှာဖြိုခွဲ ဖျက်စီးခဲ့ပါတယ်။ ခုဆိုရင် ၅၁ နှစ်ပြည့်ပါပြီ။ယခင်ကျောင်းသားသမဂ္ဂ က အဓိက                          လုပ်ဆောင်ချက် (၃)ချက် ရှိပါတယ်။
၁။အမျိုးသားရေး
(အမျိုးသားရေးမှနယ်ချဲ့ ဆန့် ကျင်ရေးနှင့်တရုတ်ဖြူ ကျူးကျော်စစ်ကိုဆန့် ကျင်ခဲ့တာရှိပါတယ်။)


၂။ဒီမိုကရေစီပညာရေး
(ကျောင်းမနေနိုင်သောကျောင်းသားအရေးနှင့် ကျောင်းနေခွင့်မရသောကျောင်းသားအရေးကို   ဆောင်ရွက်ခဲ့တာရှိပါတယ်။)


၃။ပြည်တွင်းငြိမ်းချမ်းရေး
(ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် မူလတန်းမှစပြီးတက္ကသိုလ် အထိ စာကိုငြိမ်းငြိမ်းချမ်းချမ်းဘယ်သင်နှိင်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ပြည်တွင်းစစ်ကိုဆန့် ကျင်ခဲ့ပါတယ်။)


ဘယ်ခေတ်ကျောင်းသားပဲဖြစ်ဖြစ်အဓိကလုပ်ရမှာက ကျောင်းသား
သမဂ္ဂ ပေါ်ထွန်းရေးကိုလုပ်ရမှာ           ပဲဖြစ်ပါတယ်။ သမဂ္ဂအဆောက်အဦးကိုဖြိုခွဲဖျက်စီးခံခဲ့ရတာ(၅၁)နှစ်ပြည့်မှသည် ခေတ်အဆက်ဆက်     ကျောင်းသားသမဂ္ဂပေါ်ထွန်းရေးအတွက် တိုက်တွန်းနှိုဆော်ရပါတယ်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေးဖို့ တောင်းဆိုထားသော လင့်ပါ
https://www.facebook.com/note.php?note_id=309007542479208

သမဂ္ဂအဆောက်အဦ ကို ဘယ်သူဆောက်လုပ်ပြီး ဘယ်သူတွေကစနစ်တကျဒိုင်းနမိုက်တွေနဲ့  ခွဲခဲ့လည်းဆိုတာ(ကြေးမုံဦးသောင်း)ရေးသည်လင့် ၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု၌         ဗိုလ်နေ၀င်း သရဲဘောကြောင်ပုံ
http://mratnaing.wordpress.com/2011/07/08/၁၉၆၂-ကျောင်းသားသမဂ္ဂ-ဖျက်/