skip to main |
skip to sidebar
ပုဒ်မ၄၂၀တွင် အရေးပေါ်အခြေနေတွင် ကာကွယ်ရေးဦးစီးချုပ်သည် အခြေခံမူလအခွင့်အရေးတခု သို့မဟုတ်အများကို ကန့်သတ်နိုင် ဆိုင်းငံ့နိုင်သည်ဟု ဆိုထားသည်။သမရိုးကျ ဒီမိုကရေစီနိုင်ငံများတွင် အရေးပေါ်အခြေနေအတွင်း စုဝေးခွင့် ကဲ့သို့သောအခြေခံမူလအခွင့်အရေးတချို့ကို ကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့နိုင်သော်လည်း အသက်ရှင်သန်နိုင်ခွင့် ၊ နှိပ်စက်ညှင်းပန်းမခံရခွင့် ကဲ့သို့သော အခြေခံမူလအခွင့်ရေးများကိုမူ မည်သည့်အနေနှင့်မှ မကန့်သတ်ရပါ ။ဤပုဒ်မ ၄၂၀က ဆိုင်းငံ့ထားနိုင်သည့်အခွင့်အရေးများနှင့် ဆိုင်းငံ့မထားနိုင်သော အခွင့်အရေးများကို ခွဲးခြားခြင်း မပြုပါ ။မည်သည့်အခွင့်အရေးမဆို ဆိုင်းငံ့နိုင်သည့် အဓိပ္ပါယ်သက်ရောက်နေသည်။