Wednesday, July 3, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီပွားရေးပညာရှင်များက အထူးစီးပွားရေးဇုံနှင့်ပတ်သတ်၍ ဆွေးနွေးပွဲပြုလုပ်

 
Being facilator is that ok (EU).Does the NLD has strong standing .Advocating federalism. Economic policy….နာယက ဦးတင်ဦး၊ ဦးစိုးဝင်း၊ ဒေါက်တာမျိုးညွန့်၊ ဦးမင်းခင်၊ ဦးသန်းမြင့်၊ ကိုနေခြည်ဝင်း(ဗဟိုသုတေသနအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ဒေါ်အေးအေးမာ၊ ဒေါ်ခင်သန်း   ထွေးနှင့် Royal Roads University မှ ဥပဒေပါမောက္ခ Cannie Carter ၊ United Nations                    Information Centre မှ Sandra Chit Hpo (reference assistant)၊ Myanmar Environment Institute မှကို စိုးသူရထွန်း( vice chairman) တို့သည် မြန်မာနိုင်ငံ၏ အထူးစီးပွါးရေးဇုံများနှင့်                ပတ်သတ်သော မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီပွားရေးပညာရှင်များက အထူးစီးပွားရေးဇုံနှင့်ပတ်သတ်၍ တိကျသေချာသောဥပဒေများရှိသင့်ကြောင်း၊ အစိုးရနှင့် ကုမ္မဏီများ ချုပ်ဆိုထားသော (သို့ )                   ချုပ်ဆိုမည့် စာချုပ်ပါသတင်းအချက်အလက်များကို ပြည်သူများအား ပွင့်လင်းမြင်သာစွာချပြ                  သင့်ကြောင်း၊ ရင်းနှီးမြှပ်နှံသူများအနေဖြင့် မြေယာပိုင်ဆိုင်သောသူများအား တိုက်ရိုက်ထိတွေ့၍ အပြန်အလှန်အကျိုးရှိအောင်ပြုလုပ်ရန်လိုအပ်ကြောင်း၊ အစိုးရက ၄င်းတို့ ချုပ်ဆိုထားသော စာချုပ်ပါအချက်အလက်များကို ပြည်သူလူထုအား အသိပေးမှုမပြုလုပ်လျှင်၊ အစိုးရနင့် ပူးပေါင်းလုပ်ကိုင်မည့် နိုင်ငံတကာ ကုမ္မဏီများက ပြည်သူလူထုကို အသိပေးလာစေရန်နိုင်ငံ တကာမိသားစုက အစိုးရနှင့် ရင်းနှီးမြုပ်နှံသည့်ကုမ္မဏီများအား ဖိအားပေးတောင်းဆိုခြင်း   ပြုလုပ်ပေးရန် ပြောကြားခဲ့သည်။